စင်ကာပူမှာ COVID-19 ဖြစ်ပွားမှု မြင့်တက်

 စင်ကာပူမှာ COVID-19 ဖြစ်ပွားမှု မြင့်တက်နေသဖြင့် test kit များ ဝယ်လိုအား ခုန်တက်သွားခဲ့ပြီး အချို့ဆိုင်များတွင် ပစ္စည်းပြတ်နေပါသည်။

 

စင်ကာပူ၏အကြီးဆုံးစူပါမားကတ်များ လုပ်ငန်းကြီး FairPrice သည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း antigen rapid test (ART) kits နှင့် masks များအတွက် ၀ယ်လိုအား နှစ်ဆနီးပါးတိုးလာသည်ကို ကြုံရသည်။


စင်ကာပူတွင် COVID-19 လှိုင်းထနေပြီး တစ်ပတ်ထက်တစ်ပတ် ကူးစက်ခံရသူ နှစ်ဆတိုးလာပါသည်။

မေလ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်မှု ခန့်မှန်းခြေ ဦးရေ ၂၅,၉၀၀ အထိ မြင့်တက်လာသည်။ ယခင်အပတ်က ၁၃,၇၀၀ ဦး ရှိခဲ့သဖြင့် ၉၀% ပိုများလာခြင်း ဖြစ်သည်။

ပျမ်းမျှ နေ့စဉ်‌ဆေးရုံတင်ရသည့်ဦးရေ ယခင်အပတ်က ၁၈၂ဦး ရှိခဲ့ရာမှ ၂၅၀ ဦးသို့ မြင့်တက်လာသည်။

ကူးစက်မှုများတွင် သုံးပုံနှစ်ပုံသည် KP.1 နှင့် KP.2 ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်သည်။


KP.1 နှင့် KP.2 သည် အခြားပျံ့နှံ့နေသောမျိုးကွဲများထက် ပိုမိုကူးစက်နိုင်ခြင်း၊ ပိုမိုပြင်းထန်ခြင်း လက္ခဏာများ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ပြောကြားသည်။


Source cna

#HealthIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်