နိုင်ငံကျော် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် မှ Rakuten Viber နှင့် လက်တွဲကာ ချစ်ခင်ရပါသော ပရိသတ်များအတွက် Audio Stickers များကို အထူးပြုလုပ်မိတ်ဆက်

 Rakuten Viber နှင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင် တို့ ပူးပေါင်းပြီး စိုင်းစိုင်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အထူးသီးသန့် Audio Viber Stickers (အသံပါဝင်သည့် စတစ်ကာ) အသစ်များကို ဖန်တီးမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Audio Stickers များကို စိုင်းစိုင်း အပေါ် နှစ်ရှည်လများ ချစ်ခင်အားပေးလာခဲ့ကြတဲ့ ပရိသတ်များအတွက် အထူးရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး နွေးထွေးတဲ့နှုတ်ခွန်းဆက်စကားများမှသည် စိုင်းစိုင်း ရဲ့ ကိုယ်ပိုင်ဟန်ပန်စကားလုံးများနှင့် ကျော်ကြားသော သီချင်းစာသားများအထိ ပါဝင်ကာ ပရိသတ်များအနေဖြင့် နေ့စဉ်ဘဝရဲ့အခိုက်အတန့်တိုင်းမှာ မိမိနှစ်သက် အားပေးတဲ့ အနုပညာရှင် နှင့် ပိုမိုနီးစပ်မှုရှိလာတယ်လို့ ခံစားရစေရန်အတွက် စိုင်းစိုင်း ကိုယ်တိုင် ပါဝင်အားစိုက်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

 

Audio Viber Stickers အသစ်များကို စိုင်းစိုင်း ရဲ့ ကိုယ်ပိုင်ဟန်ပန်နှင့် အမူအရာများအတိုင်း အသေးစိတ်ဂရုတစိုက် ပုံဖော်ထားတဲ့ ဒီဂျစ်တယ်ရုပ်ပုံများနှင့် ပြုလုပ်ပေးထားပါတယ်။ ယခုအကြိမ် မိတ်ဆက်လိုက်တဲ့ Viber Stickers ရဲ့ ထူးခြားချက်မှာတော့ စိုင်းစိုင်း ကိုယ်တိုင်အသံသွင်းထားသည့် အသံဖိုင်များ ပါဝင်တဲ့ Stickers များ ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်များအနေနှင့် စိုင်းစိုင်းရဲ့ အသံအစစ်အမှန်ကို အသုံးပြုပြီး မိမိခံစားချက်များကို ဖော်ပြနိုင်တော့မှာဖြစ်လို့ နေ့စဉ်စကားပြောဆိုမှုများမှာ ပိုမိုရင်းနှီးနွေးထွေးသော ခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။

 

ယခုပူးပေါင်းမှုအပေါ် စိတ်လှုပ်ရှားဝမ်းမြောက်မှုကို မျှဝေရင်း အစဉ်တစိုက်အားပေးခဲ့ကြတဲ့ ပရိသတ်များကိုလည်း စိုင်းစိုင်းက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ “Rakuten Viber နဲ့ အခုလို နောက်တစ်ကြိမ် ပြန်လည်လက်တွဲခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော့်ကို အမြဲတမ်းအားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် တစ်မူထူးခြားတဲ့ လက်ဆောင်လေးတစ်ခု ပြန်ပေးချင်ခဲ့လို့ ဒီအစီအစဉ်လေးကို ဖန်တီးဖြစ်တာပါ။ အခုဆိုရင် ပရိသတ်တွေက သူတို့ရဲ့ နေ့စဉ်စကားပြောဆိုမှုတွေမှာ ကျွန်တော့်ရဲ့အသံပါဝင်တဲ့ Audio Viber Stickers တွေကို ထည့်သွင်းအသုံးပြုနိုင်ပြီဆိုတဲ့အတွက် တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ အပျော်သဘောသက်တင်မကဘဲ ပရိသတ်တွေရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းမှာ သူတို့နဲ့အတူရှိနေပေးနိုင်သလို ခံစားရတဲ့အတွက် အရင်ကထက်လည်း ပိုပြီး ရင်းနှီးနီးကပ်သွားတယ်လို့ တွေးမိပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

"ဒီ Audio Stickers တွေကို ဖန်တီးတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ စေတနာအပြည့်နဲ့ စစ်မှန်တဲ့ဖန်တီးမှုကို အဓိကထားခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ အသံကို Stickers တွေမှာ ထည့်သွင်းပေးလိုက်တာက စိုင်းစိုင်း နဲ့ ပရိသတ်တွေကြားမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးနဲ့ အဓိပ္ပာယ်ရှိတဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေမှာပါ။ အခုလို ရင်းနှီးနွေးထွေးတဲ့ ဆက်သွယ်မှုမျိုးတွေကို ဖန်တီးပေးနိုင်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိသလို ပရိသတ်တွေအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး လူချင်းဝေးကွာနေရင်တောင်မှ Viber ကတစ်ဆင့် ပျော်ရွှင်စရာအခိုက်အတန့်တွေကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးနဲ့ တစ်ဦး ပိုမိုနီးစပ်စေခြင်းဖြင့် Viber က နေ့စဉ်လူမှုဘဝတွေကို ပိုမိုလွယ်ကူ အဆင်ပြေအောင် လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ နောက်ထပ် သာဓကတစ်ခုပဲ ဖြစ်ပါတယ်။" ဟု Rakuten Viber ၏ Senior Director APAC ဖြစ်သူ David Tse က ပြောကြားခဲ့ပါတယ်။

 

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အထူးသီးသန့် Audio Viber Stickers များကို အခုအချိန်မှာ Download ရယူနိုင်နေပြီဖြစ်ပါတယ်။ အောက်ပါ Link များမှတစ်ဆင့်Stickers များကို ရယူပြီး စိုင်းစိုင်းရဲ့ တရားဝင် Viber Channel ကိုလည်း ဝင်ရောက်နိုင်မှာပါ။


  • စိုင်းစိုင်း၏ နေ့စဉ်လှုပ်ရှားမှု အကြောင်းအရာများနှင့် တိုက်ရိုက်ပေးပို့သောစာများကို သီးသန့်ရရှိနိုင်မည့် စိုင်းစိုင်း၏ တရားဝင် Viber Channel သို့ ဝင်ရောက်ရန် - https://vb.me/saisaionviber

 

Rakuten Viber အနေနှင့် လူသားချင်းဆက်သွယ်မှုများကို လုံခြုံစိတ်ချရပြီး ဆန်းသစ်လွယ်ကူသော နည်းလမ်းများဖြင့် ပိုမိုနီးကပ်စေရန် ရည်ရွယ်ထားသည့်အတိုင်း ယခုပူးပေါင်းမှုဟာ ဆက်သွယ်ပြောဆိုမှုတိုင်းကို အဓိပ္ပာယ်ရှိသော အမှတ်တရများအဖြစ် ပြောင်းလဲပေးရန်ဆိုတဲ့ Viber ၏ ကတိကဝတ်ကို ထင်ဟပ်စေမှာပါ။ ပြည်တွင်းမှ အသုံးပြုသူများအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ဆန်းသစ်သော လုပ်ဆောင်ချက်များကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသုံးပြုသူများအတွက် ဒီဂျစ်တယ်အတွေ့အကြုံများကို ပိုမိုကောင်းမွန်အောင် Viber ကနေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 



Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ