ဟွာဟင်းတွင် မရောင်းချရသေးသော ကွန်ဒိုအခန်းများ အများအပြား ကျန်ရှိ
ထိုင်းနိုင်ငံ ပက်ချာဘူရီခရိုင် ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ချာအမ် Cha-am ရှိ ကွန်ဒိုဈေးကွက်တွင် မရောင်းရသေးသော အခန်းအသစ်များ များပြားလွန်းနေသဖြင့် အခန်းများ အကုန်လုံး ရောင်းချရန်အတွက် ၁၀ နှစ်ခန့် အချိန်ယူရဖွယ်ရှိသည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ ပြောကြားခဲ့ပါသည်။
အခြား ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ဟွာဟင်း Hua Hin ကွန်ဒိုဈေးကွက်မှာမူ ရောင်းအား အားကောင်းနေဆဲဖြစ်သည်။
Colliers သုတေသနဌာနမှ ဒါရိုက်တာ Phattarachai Taweewong က ချာအမ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ကွန်ဒိုအသစ်များ ထပ်တိုးလာခြင်း မရှိသော်လည်း ယခင်လက်ကျန် မရောင်းချရသေးသည့် အခန်းများ အများအပြား ရှိနေဆဲဟု ပြောကြားသည်။
"ချာအမ်မှာ ရောင်းဖို့ တိုက်ခန်းတွေ အရေအတွက်များနေသေးတာကြောင့် မကြာမီကာလအတွင်းမှာ ကွန်ဒိုအသစ်များ ထပ်တိုးလာမှာ မဟုတ်ဘူး၊။ လက်ကျန်အခန်းတွေ အကုန်လုံးက အပြီးအစီး ဆောက်လုပ်ပြီးသားတွေပါ။ ဝယ်တဲ့သူလက်ထဲ အခန်းအပ်လို့ ရပါတယ်"ဟု ၎င်းက ပြောကြားသည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်စာရင်းအရ ချာအမ်တွင် စုစုပေါင်း ဘတ် ၄၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၉,၄၂၀ ခန်း ရှိခဲ့ပြီး ၆၆% ရောင်းချခဲ့သဖြင့် ဘတ် ၁၄.၃ ဘီလီယံဖိုးရှိ ယူနစ် ၃,၂၀၀ ကျော် ရောင်းဖို့ ကျန်ရှိနေသည်။
အရေအတွက် အများဆုံးမှာ စတော့အိပ်ချိန်းစာရင်းဝင် developer မဟုတ်သော Baan Rajprasong ၏ ကွန်ဒိုစီမံကိန်းဖြစ်ပြီး ယူနစ် ၂,၀၀၀ ကျော် ရောင်းဖို့ ကျန်နေသေးသည်။
ကျန်သည့် မရောင်းရသေးသည့် အခန်းများမှာ ထိုင်းစတော့အိပ်ချိန်းစာရင်းဝင် developer များ ဖြစ်သည့် L.P.N. Development, Charn Issara Development and Quality Houses တို့ဖြစ်သည်။
L.P.N. သည် ချာအမ်တွင် စီမံကိန်း နှစ်ခု ရှိသည်။ တခုမှာ ဘတ် သန်း ၄၃၀ တန် Lumpini Park Beach Chaam 2 ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၂၄ ခန်း ပါသည့်အနက် ၇၉ ခန်း ရောင်းဖို့ ကျန်ရှိသည်။
ကျန်တခုမှာ ဘတ် သန်း ၇၀၀ တန် Lumpini Seaview Chaam (A) ဖြစ်ပြီး ၎င်းသည်လည်း ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၅၃၆ ခန်းပါပြီး ၂၄၁ ခန်း ရောင်းဖို့ ကျန်ရှိသည်။
Quality Houses သည် ၂၀၇ ခန်းပါသည့် တန်ဖိုး ဘတ် ၁.၄ ဘီလီယံရှိ Q Seaside Huahin စီမံကိန်း တခုတည်းသာ အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ဘတ် ၈၅၈ သန်းဖိုးရှိ ၁၅၅ ခန်း ရောင်းဖို့ ကျန်ရှိသည်။
Charn Issara သည် Thew Talay စီမံကိန်း အကောင်အထည်ဖော်ခဲ့ရာ တန်ဖိုး ဘတ် ၁.၈၇ ဘီလီယံရှိ ၄၉၁ ခန်း ရောင်းဖို့ ကျန်ရှိသည်။
"Developer တွေအနေဖြင့် ကွန်ဒို စီမံကိန်းအသစ်တွေ လုပ်ကိုင်ဖို့ ချာအမ်အစား ဟွာဟင်းကို ရွေးသင့်တယ်။ ဟွာဟင်း မြို့ဧရိယာထဲမှာ ရှိတဲ့ ကွန်ဒိုတွေ အဝယ်လိုက်နေတယ်။ အထူးသဖြင့် အထူးသဖြင့် ကမ်းခြေနေရာတွေမှာ ဝယ်ကြတယ်"ဟု Mr Phattarachai က ပြောသည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Hua Hin မှာ ကွန်ဒိုစီမံကိန်းအသစ်နှစ်ခုကို စတင်ခဲ့ပါသည်။ ယူနစ် စုစုပေါင်း ၆၇၁ ခန်း ပါသည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ပြီးခဲ့သည့် ၃ လပတ် ၁၂ ခုအတွင်း အရောင်းတန်ဖိုး စုစုပေါင်း ပမာဏ အကြီးမားဆုံး ဖြစ်ခဲ့ပြီး ဘတ် ၆ ဘီလီယံ ဝန်းကျင် ရှိသည်။ အခန်းအားလုံးသည် ထိုင်းစတော့အိတ်ချိန်း စာရင်းဝင် developer ဖြစ်သည့် Sansiri ၏ အခန်းများ ဖြစ်သည်။
Source Bangkokpost
#ConstructionIndustryGuide
Comments
Post a Comment