တရုတ်အစိုးရ အိမ်ရာတိုက်ခန်းကဏ္ဍ ကယ်တင်ရန် စီစဉ်

 တရုတ်အစိုးရသည် နိုင်ငံ့စီးပွားရေး၏ ငါးပုံတပုံဝန်းကျင်ကို ကိုယ်စားပြုသည့် အိမ်ရာတိုက်ခန်းအသစ် လုပ်ငန်းကဏ္ဍ နာတာရှည် အကျပ်အတည်းကို ဖြေလျှော့ရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီများမှ မရောင်းရသေးသော အိမ်ရာတိုက်ခန်းများ၊ ဆောက်လုပ်ဆဲတန်းလန်း ရပ်ထားရသော အိမ်ရာတိုက်ခန်းများ အခန်း စုစုပေါင်း သန်းချီ ရှိနေသည်ကို သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရများက ဝယ်ယူမည့် အစီအစဉ်တစ်ရပ်ကို စဉ်းစားချင့်ချိန်နေသည်ဟု Bloomberg News က တင်ပြသည်။


ဒေသခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံပိုင်ဘဏ်များမှ ထုတ်ပေးသော ချေးငွေများကို အသုံးပြု၍ အဆင်မပြေသော လုပ်ငန်းရှင်များထံမှ မရောင်းရသေးသော အိမ်ရာတိုက်ခန်းများကို လျှော့ဈေးများများစားစား သတ်မှတ်ပြီး ဝယ်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ရန် စိစစ်နေသည်။ ၎င်းအိမ်ရာတိုက်ခန်းများကို တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများအဖြစ် အများပြည်သူကို ပြန်လည်ပြန်လည်ရောင်းချမည် ဖြစ်သည်။


တရုတ်နိုင်ငံ အိမ်ရာတိုက်ခန်းအသစ် လုပ်ငန်းကဏ္ဍသည် ကြွေးနွံထဲ နစ်နေသည်မှာ ၂၀၂၁ နှစ်လယ်ပိုင်းကတည်းက ဖြစ်သည်။၂၀၂၂ မှစ၍ အစိုးရက မူဝါဒအမျိုးမျိုး ပြောင်းလဲကျင့်သုံးပြီး ဆယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ချေ။


Goldman Sachs ၏ ခန့်မှန်းချက်အရ ရောင်းချနိုင်သောအဆင့်ရှိ အိမ်ရာတိုက်ခန်းများ စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ နှစ်ကုန်တွင် ယွမ် ၁၃.၅ ထရီလီယံ (ဒေါ်လာ ၁.၈၇ ထရီလီယံ) ရှိကြောင်း ခန့်မှန်းသည်။ ဆောက်လုပ်ဆဲ တိုက်ခန်းများ ပြီးစီးဖို့ ယွမ် ၅ ထရီလီယံ လိုအပ်မည်ဟု ခန့်မှန်းသည်။ 


Source cnbc

#ConstructionIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်