မြောက်ပိုင်းဟနွိုင်းစမတ်မြို့ Financial Tower ဗိသုကာဒီဇိုင်း
ဗီယက်နမ်နိုင်ငံ "မြောက်ပိုင်းဟနွိုင်းစမတ်မြို့" စီမံကိန်းတွင် ပါဝင်သည့် ၁၀၈ ထပ် Financial Tower ဗိသုကာဒီဇိုင်း ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလတွင် ဖိတ်ခေါ်ခဲ့ရာ ကမ္ဘာကျော် ဗိသုကာအတိုင်ပင်ခံ ကုမ္ပဏီများ ပါဝင်ခဲ့ကြပြီး အမေရိကန် ဗိသုကာလုပ်ငန်း Skidmore, Owings & Merrill ၏ ဒီဇိုင်းကို ရွေးချယ်ကြောင်း မေလ ၁၅ ရက်တွင် ဗီယက်နမ် ဗိသုကာပညာရှင်များ အသင်း ဥက္ကဋ္ဌနှင့် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Phan Dang Son က ကြေညာပါသည်။
Skidmore, Owings & Merrill သည် ယူအေအီးမှ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦဖြစ်သည့် ၁၆၃ ထပ်ရှိသော Burj Khalifa ကို ဒီဇိုင်းထုတ်ခဲ့သည့် လုပ်ငန်း ဖြစ်ပါသည်။
ဗီယက်နမ်မှ BRG Group နှင့် ဂျပန်မှ Sumitomo Corporation တို့၏ ဖက်စပ်လုပ်ငန်း North Hanoi Smart City Investment Development JSC က ကန်ဒေါ်လာ ၄.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ဧရိယာဟက်တာ ၂၇၀ တွင် အကောင်အထည်ဖော်မည်။ ၉နှစ်ကြာ စီမံကိန်းကို အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော်မည်။ နောက်ဆုံးအဆင့်တွင် Financial Tower ကို အပြီးသတ် ဆောက်လုပ်မည်။
Source vnexpress
#ConstructionIndustryGuide
Comments
Post a Comment