ရှန်ဟိုင်းတွင် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျှော့

 တရုတ်အစိုးရသည် အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍ ကြွေးနွံနစ်နေသည်ကို ဆယ်တင်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသဖြင့် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့မှုများ ကျင့်သုံးကြရာ၌ ရှန်ဟိုင်းသည် ပထမဆုံး အိမ်ရာတိုက်ခန်း ဝယ်သူများအတွက် အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၂၀% သို့ လျှော့ချလိုက်သည်။ တိုက်ခန်း ပိုင်ဆိုင်ထားသူက နေုက်ထပ်အိမ်ရာတိုက်ခန်း ဝယ်ယူပါက အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၃၀% သို့ လျှော့ချလိုက်သည်။


ရှန်ဟိုင်းတွင် အခြေချနေထိုင်သူ မဟုတ်ပါက ယခင်က တိုက်ခန်း ဝယ်ယူခွင့် မပြုခဲ့သော်လည်း ယခုအခါ ရှန်ဟိုင်းတွင် လူမှုဖူလုံရေး လစဉ်ကြေး ၃ နှစ် ပေးသွင်းထားသူ ဖြစ်ပါက ရှန်ဟိုင်းမှာ တိုက်ခန်း ဝယ်ယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ကလေး ၃ ယောက်နှင့်အထက် ရှိသည့် မိသားစုဆိုပါက ရှိပြီးသား တိုက်ခန်းအပြင် နောက်ထပ်ခတိုက်ခန်း ထပ်တိုးဝယ်ယူရန် ခွင့်ပြုလိုက်သည်။

Source Yicai

#ConstructionIndustryGuide 


ယခင်တင်ပြချက်

https://shorturl.at/6wRAb

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး