ရှန်ဟိုင်းတွင် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျှော့

 တရုတ်အစိုးရသည် အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍ ကြွေးနွံနစ်နေသည်ကို ဆယ်တင်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသဖြင့် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့မှုများ ကျင့်သုံးကြရာ၌ ရှန်ဟိုင်းသည် ပထမဆုံး အိမ်ရာတိုက်ခန်း ဝယ်သူများအတွက် အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၂၀% သို့ လျှော့ချလိုက်သည်။ တိုက်ခန်း ပိုင်ဆိုင်ထားသူက နေုက်ထပ်အိမ်ရာတိုက်ခန်း ဝယ်ယူပါက အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၃၀% သို့ လျှော့ချလိုက်သည်။


ရှန်ဟိုင်းတွင် အခြေချနေထိုင်သူ မဟုတ်ပါက ယခင်က တိုက်ခန်း ဝယ်ယူခွင့် မပြုခဲ့သော်လည်း ယခုအခါ ရှန်ဟိုင်းတွင် လူမှုဖူလုံရေး လစဉ်ကြေး ၃ နှစ် ပေးသွင်းထားသူ ဖြစ်ပါက ရှန်ဟိုင်းမှာ တိုက်ခန်း ဝယ်ယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ကလေး ၃ ယောက်နှင့်အထက် ရှိသည့် မိသားစုဆိုပါက ရှိပြီးသား တိုက်ခန်းအပြင် နောက်ထပ်ခတိုက်ခန်း ထပ်တိုးဝယ်ယူရန် ခွင့်ပြုလိုက်သည်။

Source Yicai

#ConstructionIndustryGuide 


ယခင်တင်ပြချက်

https://shorturl.at/6wRAb

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ