ဖူးခက်၊ ပတ္တရား ကွန်ဒိုတိုက်ခန်း ရောင်းအားမြင့်တက်
ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းဈေးကွက်တွင် ၂၀၂၄ ခုနှစ် ပထမ ၃လပတ်အတွင်း ခရီးသွားမြို့များဖြစ်ကြသည့် ဖူးခက်၊ ပတ္တရားနှင့် ဟွာဟင်တို့တွင် ရောင်းအား သိသိသာသာ ကြီးထွားခဲ့သည်။ ဘန်ကောက်ထက်ပင် သာလွန်သွားခဲ့သည်။ ဘန်ကောက်တွင် ကွန်ဒိုတိုက်ခန်း ၂,၃၀၀ ဝန်းကျင် ရောင်းချခဲ့ပြီး ဖူးခက်တွင် ၃,၀၀၀ ကျော်နှင့် ပတ္တရားတွင်လည်း ၃,၀၀၀ ကျော် ရောင်းချခဲ့သည်။
၁၅ နှစ်တာ ကာလအတွင်း ဘန်ကောက်ထက် ရောင်းအား ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။
ဖူးခက်၊ ပတ္တရား နှင့် ဟွာဟင် ခရီးသွား မြို့တော် သုံးခုသို့ ရင်းနှီးမြှုပ်နှံမှုများ အမြောက်အမြား စီးဆင်းနေသည်ဟု Colliers Thailand ကုမ္ပဏီမှ သုတေသနနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Phattarachai Thaweewongက ပြောကြားသည်။
“ဖူးခက်နဲ့ ပတ္တရားလို ခရီးသွားမြို့တွေမှာ အသစ်ထွက်လာတဲ့ ကွန်ဒိုမီနီယံ စီမံကိန်းတွေက ဘန်ကောက်နဲ့ ယှဉ်ရင် ဝယ်လိုအား ပိုများတယ်။ ဘန်ကောက်ထက် အရောင်းပိုသွက်နေတယ်။ ဒါဟာ ခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာမှုကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဖူးခက်တွင် ဘတ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိသော ကွန်ဒိုစီမံကိန်းအသစ် ၁၂ ခု ရှိပြီး တိုက်ခန်းစုစုပေါင်း ၃,၃၃၈ခန်း ဈေးဖွင့်ခဲ့သည်။ အဓိကကျသည့် developer များမှာ
• Sansiri
• Assetwise
• Origin Property
• Habitat Group
• GC Capital တို့ ဖြစ်ပါသည်။
စီမံကိန်းအသစ်များသည် ယခုနှစ်ကုန်အထိ အခန်း ၈,၅၀၀ ကျော် ဈေးဖွင့်ကြလိမ့်မည်ဟု Phattarachai က ခန့်မှန်းသည်။
ပတ္တရား အိမ်ခြံမြေဈေးကွက်သည် ပြန်နာလန်ထသည်မှာ နှေးနေသည်။ စုစုပေါင်း ဘတ် ၁၆ ဘီလီယံကျော်တန်ဖိုးရှိ စီမံကိန်း အသစ် ၃ ခုသည် အခန်း ၄,၄၉၃ ခန်း ဈေးဖွင့်ခဲ့သည်။
Source nationthailand
Comments
Post a Comment