ကိုရီးယားမှာ နိုင်ငံခြားသားပိုင်အိမ်ရာများတွင် တရုတ်ပိုင် အိမ်ရာ အများဆုံး

 

ကိုရီးယားတွင် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် အိမ်ရာများတွင် ၅၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်ထားသည်။

မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားများ မှတ်ပုံတင်ထားသည့် အိမ်ရာစုစုပေါင်း ၉၁၄၅၃ ခုရှိသည့်အနက် တရုတ်နိုင်ငံသားပိုင် ၅၀,၃၂၈ ခု ရှိသည်။

တရုတ်နိုင်ငံသားပိုင် အိမ်ရာများတွင် အများစုမှာ တိုက်ခန်းများ ဖြစ်သည်။ တိုက်ခန်း ၄၈,၃၃၂ ခန်းနှင့် မိသားစုတစု နေထိုင်ရန် အိုးအိမ် ၁၉၉၆ ခုကို တရုတ်နိုင်ငံသားများ ပိုင်ဆိုင်ထားသည်။ 


တရုတ်နိုင်ငံသားပိုင် အိမ်ရာ အရေအတွက်သည် လွန်ခဲ့သည့် ၆ လအတွင်း ၄.၈% တိုးလာသည်။

အမေရိကန် နိုင်ငံသားများသည် ဒုတိယအများဆုံးဖြစ်ပြီး အိမ်ရာ ၂၀,၉၄၇ ခု ပိုင်ဆိုင်သည်။ နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် အိမ်ရာများတွင် ၂၂.၉% ပိုင်ဆိုင်သည်။ တတိယနေရာမှ ကနေဒါနိုင်ငံသားများက ၆.၇%၊ စတုတ္ထနေရာမှ ထိုင်ဝမ်က ၃.၆% ၊ ပဉ္စမနေရာမှ ဩစတေးလျက ၂% ပိုင်ဆိုင်သည်။


နိုင်ငံခြားသားပိုင် အိမ်ရာ အများဆုံး ရှိသည့် ပြည်နယ်မှာ Gyeonggi ဖြစ်ပြီး ၃၈.၄% ရှိသည်။ ဆိုးလ်တွင် ၃၄.၈% နှင့် အင်ချုံတွင် ၉.၈% ရှိသည်။

Source Yonhap

#ConstructionIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်