ကမ္ဘာရွှေဈေး မြန်မာရွှေဈေး အပြိုင်ဈေးတက်
အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွမှု နှေးကွေးသည့် လမ်းကြောင်းပေါ် ရောက်ရှိနေသဖြင့် အမေရိကန် ဗဟိုဘဏ်အဖွံ့အစည်း Federal Reserve (Fed)သည် ယခုနှစ်အတွင်း ငွေကြေးမူဝါဒကို ဖြေလျှော့ပေးမည်ဖြစ်သဖြင့် စံချိန်တင်မြင့်မားနေသော အတိုးနှုန်းကို နှစ်ကြိမ် ပြန်လျှော့ချလိမ့်မည်ဟု တွက်ဆကြခြင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ တိုးလာခြင်းတို့ကြောင့် တနင်္လာနေ့(မေ ၂၀}တွင် ရွှေဈေးသည် အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။ .
တနင်္လာနေ့ (မေ ၂၀)တွင် အာရှ လက်ငင်းရွှေစျေးသည် ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ အောင်စ $2,450.07 အထိ မြင့်တက်ခဲ့ပြီးနောက် $2,440 သို့ ပြန်လေိာ့ကျသည်။ အမေရိကန် ကြိုပွိုင့်ရွှေဈေးသည် $2,453.20 သို့ ရောက်ရှိခဲ့သည်။
ပြည်တွင်းရွှေဈေးသည် တကျပ်သားလျှင် မေ ၁၇ အပိတ်ဈေးတွင် သိန်း ၅၀ သို့ ရောက်ရှိလာခဲ့ပြီးနောက် ဆက်လက်မြင့်တက်လာခဲ့ရာ ၅၁ သိန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
#GoldIndustryGuide
Comments
Post a Comment