တရုတ်ပြည်တွင် ရွှေအတု ပြဿနာ ကြီးထွားလာ

 အိန္ဒိယသည် ပြည်တွင်း ရွှေနှင့် ရွှေထည် ဝယ်ယူသည့် ပမာဏ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့ရာမှ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယကို ကျော်တက်ခဲ့သည်။

ယမန်နှစ်က တရုတ်ပြည်တွင်း ရွှေနှင့် ရွှေထည် ဝယ်ယူသည့် ပမာဏသည် ၆၀၃ တန် ရှိခဲ့သည်။

တရုတ်ပြည်တွင် ကိုးသုံးလုံးရွှေဟု အမည်တွင်သောရွှေသည် ရွှေ ၉၉.၉% ပါဝင်သဖြင့်  ကိုးသုံးလုံးရွှေဟု ပြောဆိုကြသည့် ၂၄ ကာရက် ရွှေ ဖြစ်သည်။



တရုတ်နိုင်ငံတွင် အွန်လိုင်းပေါ်မှာ ကိုးသုံးလုံးရွှေဟု ကြော်ငြာပြီး ရောင်းချသည့် ရွှေကို 

အွန်လိုင်းမှာ ဝယ်ယူကြရာ၌ လူထောင်ပေါင်းများစွာတို့သည် အရည်အသွေး မပြည့်မီသောရွှေများ၊ ရွှေအတုများကို ဝယ်မိကြပြီး လိမ်လည်လှည့်ဖြားခံခဲ့ရသည်။


"တရုတ်မှာ စုဆောင်းငွေကို ရွှေဝယ်စုကြတာ ပိုများလာတာကြောင့် ရွှေအတုက အဓိကပြဿနာဖြစ်လာပါတယ်”ဟု China Market Research Group မှ  ဦးဆောင်ညွှန်ကြားရေးမှူးချုပ် Shaun Rein က ပြောသည်။


ရွှေဝယ်ယူတစ်ဦးအနေဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန် အဓိကလုပ်ဆောင်နိုင်သည့်အရာမှာ အွန်လိုင်းတွင်ဖြစ်စေ၊ စတိုးဆိုင်တွင်ဖြစ်စေ နာမည်ရ ရွှေလုပ်ငန်းများမှ ဝယ်ယူခြင်းဖြစ်သည်ဟု Rein က အကြံပြုသည်။


တရုတ်ပြည်တွင် ရွှေဝယ်ယူသူ အများစုသည် ၂၄ ကာရက်‌ရွှေနှင့် အရည်အသွေးနိမ့်ရွှေများကြား မခွဲခြားနိုင်ကြသဖြင့် လိမ်လည်သူများကို တိုးလာစေသည်ဟု Rein က ပြောသည်။


အွန်လိုင်း အီးကောမတ်စ် ပလက်ဖောင်း Taobao တွင် တရုတ်ယွမ် ၁,၈၉၅ (ကန်ဒေါ်လာ ၂၈၀ခန့်) ဖြင့် ရွှေဆွဲသီးငါးခုကို ဝယ်ယူခဲ့သူ အမျိုးသားတဦးသည် ရွှေဆွဲသီးများကို မီးပြကြည့်ခဲ့သည်။ ရွှေအစစ်ဆိုပါက မီးတောက်နှင့် ထိတွေ့သည့်အခါ ပိုမိုဝင်းလက်သည်။ ‌ရွှေဆွဲသီးတို့သည် ဝင်းလက်မလာဘဲ မှိုင်းသွားသည်။ အစိမ်းရောင်သန်းသည့်အရောင် ပေါ်ထွက်လာသည်။


တရုတ်အစိုးရသည် ရွှေဝယ်ယူသူများကို လိမ်လည်သူများရန်မှ ကာကွယ်ရန် ကြိုးပမ်းမှုတွင် ရွှေ‌ချောင်းနှင့် ရွှေထည်လက်ဝတ်ရတနာများ၏ စစ်မှန်မှုကို မည်သို့ခွဲခြားသတ်မှတ်ရမည်ကို မကြာသေးမီက လမ်းညွှန်ချက် ထုတ်ပြန်ခဲ့သည်။


စစ်ဆေးနည်းတခုမှာ ရွှေမျက်နှာပြင်ပေါ်သို့ နိုက်ထရစ်အက်စစ် အစက်ချကြည့်ခိုင်းသည်။ အစိမ်းရောင် ပေါ်ထွက်လာပါက ရွှေမစစ်ဟု သိနိုင်သည်။ 


ကိုးသုံးလုံးရွှေအစစ်သည် ပျော့သည်။ မာကြောနေပါက ရွှေမစစ်ဟု သိနိုင်သည်။


Source scmp

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်