OPPO က UNESCO နှင့် ပူးပေါင်းကာ အာရှနှင့် အာဖရိကဒေသတွေမှာ ပညာရေးတန်းတူညီမျှမှုနှင့် ဒစ်ဂျစ်တယ် လှုပ်ရှားမှုတွေအတွက် ပါဝင်ခွင့် တိုးမြှင့်နိုင်စေဖို့ Tablet များကို ကူညီခဲ့
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ယခင်အခါက ထိုင်းနိုင်ငံမှာ Tablet တွေ ကူညီထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက်မှာတော့ နောက်ထပ် အာရှနှင့် အာဖရိကရှိ နိုင်ငံ ၅ နိုင်ငံသို့ Tablet အရေအတွက် ၁,၀၀၀ လုံး လှူဒါန်းကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကာ အခုအခါမှာတော့ OPPO က အဆိုပါ ကတိကို အောင်မြင်စွာ ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) နှင့် Children's Programming Education Brand တို့နှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ “Technology for Mankind, Kindness for the World” ဆိုတဲ့ဆောင်ပုဒ်ကို ထောက်ခံသောအားဖြင့် OPPO က ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေကို အသုံးချကာ ပညာရေးတန်းတူညီမျှမှုနှင့် ဒစ်ဂျစ်တယ်လှုပ်ရှားမှုတွေမှာ ပါဝင်လာနိုင်ခွင့်တွေ တိုးတက်လာစေနိုင်ဖို့ ဆက်လက် ကူညီအားပေးလျက်ရှိပါတယ်။ ထိုင်းနိုင်ငံရှိ Pilot School များတွင် ဒစ်ဂျစ်တယ်သင်ကြားရေးကို လက်ခံအသုံးချစေခြင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က ထိုင်းနိုင်ငံ ရဲ့ AI နှင့် Digital Innovation Practice Day ...