Posts

Flagship ဆန်ဆန် Samsung Galaxy S25 FE စမတ်ဖုန်းအသစ်ကို ငွေသားလက်ဆောင်အပြင် လစဥ် ငွေကျပ် (၂) သိန်းကျော် ပေးသွင်းပြီး အတန်ဆုံးရရှိနိုင်မယ့် အခွင့်အရေး

Image
 Samsung Myanmar ကနေ Galaxy S25 FE စမတ်ဖုန်းအသစ်ကို မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာမိတ်ဆက်ပေးလိုက်တာဖြစ်ပြီး Samsung ချစ်သူတွေ အတန်ဆုံး ဝယ်ယူရရှိနိုင်အောင် အထူးအစီအစဉ်များစွာ ပြုလုပ်ပေးလျက်ရှိပါတယ်။ Flagship ဖုန်းများကဲ့သို့ စွမ်းဆောင်ရည်မြင့် Galaxy AI၊ အရည်အသွေးမြင့် ကင်မရာလုပ်ဆောင်ချက် နဲ့ အကောင်းဆုံး ဂိမ်းကစားမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ့် Galaxy S25 FE စမတ်ဖုန်းအသစ်ကို Navy၊ Icyblue နဲ့ Jetblack စတဲ့ ပရီမီယမ်ဆန်ပြီး လှပတဲ့အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါ အထူးအစီအစဉ်များအတိုင်း အတန်ဆုံး ဝယ်ယူရရှိနိုင်မှာပါ။ (၂) သိန်းကျပ်အထိ ငွေသားလက်ဆောင် ပရိုမိုးရှင်း Samsung ကို အစဉ်တစိုက်အားပေးနေတဲ့ Samsung ချစ်သူတွေအတွက် ငွေသားလက်ဆောင် Cashback ပရိုမိုးရှင်း ကို ဒီဇင်ဘာလ (၃၁) ရက်နေ့ အထိ တိုးမြှင့်ပြုလုပ်ပေးနေတာဖြစ်လို့ Galaxy S25 FE စမတ်ဖုန်းအသစ်ကို (၂၅) သိန်းကျပ်ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပုံမှန်စျေးနှုန်း ၂,၆၆၅,၀၀၀ ကျပ် ကို ငွေသား လက်ဆောင် Cashback ၈၅,၀၀၀ ပေးအပ်သွားမှာဖြစ်လို့ Galaxy S25 FE (8/128GB) ကို ၂,၅၈၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။ ပုံမှန်စျေးနှုန်း ၃,...

MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် “TeamFit: Unite & Move” စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်ကို ဆောင်ရွက်

Image
 MPT က ဒီဇင်ဘာလတွင် ဝန်ထမ်းများ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် တက်ကြွသော နေထိုင်မှုပုံစံကို မြှင့်တင်ရန်အတွက် MPT ဝန်ထမ်းများနှင့် မိသားစုဝင်များ အတူတကွပါဝင်သည့် “TeamFit: Unite & Move” စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေး လှုပ်ရှားမှုအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်တွင် နိုင်ငံတစ်ဝန်းရှိ MPT ဝန်ထမ်းနှင့် မိသားစုဝင် ၉၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဒီဇင်ဘာလ (၁၃) ရက်က စုပေါင်းလမ်းလျှောက်ခြင်း နှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်ကို ရန်ကုန်မြို့၊ ကန်တော်ကြီးသဘာဝဥယျာဉ်တွင် ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများသည်လည်း စည်းလုံးညီညွတ်မှုကို အားဖြည့်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စုပေါင်းလမ်းလျှောက်ပွဲ အစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲမှုသည် ကိုယ်လက်ကျန်းမာကြံ့ခိုင်မှု၊ စိတ်အားထက်သန်မှု နှင့် တက်ကြွသော လုပ်ငန်းခွင်ကို တည်ဆောင်ရန်ဟူသည့် ကတိကဝတ်ကို ထင်ဟပ်စေပါသည်။ Zumba ကျန်းမာရေးလှုပ်ရှား...

ကိုယ်ပိုင် AI အဖော်မွန်ကောင်းလိုကူညီပေးမယ့် စွမ်းဆောင်ရည်နဲ့ စျေးအတန်ဆုံး Galaxy Tab S10 Lite အသစ်

Image
 နေ့စဉ်အသုံးပြုမှုအတွက် အသင့်တော်ဆုံးနဲ့ အတန်ဆုံး Galaxy Tab S10 Lite တက်ဘလက်အသစ်ဟာ ဖျော်ဖြေရေးမှသည် တီထွင်ဖန်တီးနိုင်စွမ်းနှင့် အလုပ်များစွာတစ်ပြိုက်နက်လုပ်ဆောင်ခြင်းအထိ သုံးစွဲသူများရဲ့ စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေပြီး စွမ်းဆောင်ရည်ပြည့်ဝနေစေရန် ကူညီပေးနိုင်မှာဖြစ်   Samsung Electronics Co., Ltd. ကနေ စျေးနှုန်းသက်သာပြီး နေရာအချိန်မရွေး ကြည့်ရှု၊ ဖန်တီးနီုင်ကာ လုပ်ဆောင်မှုတွေကို ပိုမိုထိရောက်ကောင်းမွန်အောင် ကူညီပေးမယ့် Galaxy Tab S10 Lite တက်ဘလက်အသစ်ကို မြန်မာနိုင်ငံအတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ကြည်လင်ပြတ်သားပြီးကြီးမားတဲ့ မျက်နှာပြင်နဲ့ ဖန်တီးတီထွင်မှုတွေကို လွယ်ကူချောမွေ့စေမယ့် S Pen တို့ ပါဝင်လာတာကြောင့် နေ့စဉ်ဘက်စုံ သုံးနိုင်ပြီး Galaxy Tab S10 Lite တက်ဘလက်တစ်ခုထဲမှာတင် လုပ်ဆောင်ချက်များစွာကို အချောမွေ့ဆုံးနဲ့ အတန်ဆုံး အသုံးပြုနိုင်မှာပါ။ Samsung ရဲ့ Intelligent လုပ်ဆောင်ချက်တွေကလည်း တီထွင်ဖန်တီးနိုင်မှုနဲ့ ထိရောက်တဲ့လုပ်ဆောင်မှုတွေကို အဆင့်သစ်များဆီ အလွယ်တကူ ရောက်ရှိနိုင်စေပြီး ချောမွေ့စွာချိတ်ဆက်ထားတဲ့ လုပ်ဆောင်ချက်များကြောင့် စိတ်ကူးအကြံဉာဏ်များ၊ အချက်အလက်မျာ...

နေ့စဉ်ဘဝအတွက် ကြာရှည် ခံနိုင်ရည်ရှိပြီး ပေါ့ပါးတဲ့ ဘက်ထရီနဲ့အတူ အကြမ်းဆုံး ခိုင်ခံ့မှုတွေနဲ့ ဖန်တီးထားတဲ့ OPPO A6 Pro

Image
 အရှေ့တောင်အာရှနိုင်ငံတွေမှာ ရောင်းအားအကောင်းဆုံးဖြစ်သလို သုံးစွဲသူတွေ အတော်လေး ကြိုက်နှစ်သက်ကြတဲ့ OPPO A6 Pro ကြီးမားပြီး ခံနိုင်ရည်ရှိသလောက် ပေါ့ပါးလွန်းလှတဲ့ 7000mAh Battery နဲ့အတူ အားသွင်းအမြန်ဆုံးနည်းပညာ SUPERVOOC Flash Charge Technology ပါရှိကာ သုံးစွဲသူတွေရဲ့ နေ့စဉ် ဘဝကို ပိုမိုကောင်းမွန်ချောမွေ့စေတဲ့ OPPO A6 Pro ဟာ အရှေ့တောင်အာရှက သုံးစွဲသူတွေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအကြား ရေပန်းစားလူပြောများနေတဲ့ စမတ်ဖုန်းထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ IP69 Water & Dust Protection နဲ့ Military-Grade Shock Resistance တို့ကြောင့် နေ့စဉ်ဘဝအတွက် အသုံးပြုဖို့ ပိုမိုသက်သာချောမွေ့စေနိုင်တဲ့ OPPO A6 Pro ဟာ ပါးလွှာတဲ့ Slim & Streamlined Design၊ Flagship Level စမတ်ဖုန်းထုတ်ကုန်တွေမှာ ပါရှိလေ့ရှိတဲ့ 120Hz AMOLED Display ၊ သုံးစွဲသူတွေနဲ့ နည်းပညာရှင်တွေအကြား နာမည်ကျော်ကြားတဲ့ ColorOS 15-powered Trinity Engine ၊ Luminous Rendering Engine တို့ ပါရှိလာမှုကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝအထိ ပိုမို ချောမွေ့လာစေနိုင်မှာ အတိအကျပါပဲ။  OPPO A6 Pro ဟာဆိုရင် လက်ရှိထွက်ရှိလာခဲ့သမျှ A-Series ထုတ်ကုန...

အက်တမ်(ATOM)သည် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အသိအမှတ်ပြုလက်မှတ်အား (၂)နှစ်ဆက်တိုက်ရရှိ

Image
 အက်တမ်(ATOM) သည် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ၂၀၂၄-၂၀၂၅ မှ ၂၀၂၅-၂၀၂၆ အထိ (၂)နှစ် ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။ ဝန်ထမ်းများမှ အက်တမ်(ATOM) ၏ ကောင်းမွန်သော ဝန်ထမ်းဦးစားပေး လုပ်ငန်းခွင် အလေ့အကျင့် ကောင်းများအပေါ် စိတ်ကျေနပ်မှုရလဒ် (satisfaction score) ၈၉% အထိ တိုးမြှင့် ပေးအပ်ခဲ့သည်။ အက်တမ်(ATOM) ၏ ထူးခြားကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုမှတစ်ဆင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် အတွေ့အကြုံများ (Employee Journey) အား ပိုမိုခိုင်မာလာစေသည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ်(ATOM) သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အသိအမှတ်ပြုခံခဲ့ရသည်။ ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ်ထားရှိသော အလေးထားယုံကြည်မှုကို ထင်ပေါ်စေသည့် ယခုအောင်မြင်မှုနှင့် အညီ ၉၉% သော ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရလဒ် (employee satisfaction score) ၈၉% ကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ ဤကောင်းမွန်သော ရလဒ်များသည် အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရ...

“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်သင့် စာသင်ကျောင်းသို့ မဖြစ်မနေလိုအပ်သော သောက်သုံးရေထောက်ပံ့မှုစနစ်ကို ပံ့ပိုးကူညီနိုင်ခဲ့

Image
 “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်မှတစ်ဆင့် UN-Habitat နှင့် ပူးပေါင်းပြီး လူမှုအသိုင်းအဝိုင်းအတွက် သန့်ရှင်းသော သောက်သုံးရေ လှူဒါန်းရန် မြန်မာငွေကျပ် (၅၁.၈) သန်းကျော် မတည်နိုင်ခဲ့သည်။  အက်တမ်(ATOM) မှ ငလျင်ဘေးဒဏ် ခံစားခဲ့ရသော မန္တလေးမြို့ရှိ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်ကို တပ်ဆင်ပေးခဲ့သည်။  ဆိုလာစွမ်းအင်စနစ်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို ပါဝင်အားဖြည့် ကူညီနိုင်ခဲ့သည်။   မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်သည့် ရတနာစံ သာသနာပိုင်ကျောင်းတိုက်သို့ ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စနစ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ အက်တမ်(ATOM) ၏ “အက်တမ်နှင့်အတူ (၂) ဆလှူ” အစီအစဉ် မှတစ်ဆင့် UN-Habitat ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးကင်းသန့်ရှင်းသော သောက်သုံးရေပြန်လည်ရရှိစေရန် အောင်မြင်စွာကူညီပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။   ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍...

အဝေးက ပုံရိပ်တွေကို တိကျလှပစွာ ဖမ်းယူနိုင်အောင် Hardware Level အဆင့်ရှိ 3.5x Optical Zoom ပါရှိတဲ့ Telephoto Camera နဲ့အတူ OPPO Reno14 5G

Image
  OPPO Reno14 5G မှာ Hardware Level အဆင့်ရှိ 3.5x Optical Zoom Telephoto Camera အပြင် ပြင်ပဆူညံသံတွေကိုပါ ဖျောက်ဖျက်ပေးနိုင်တဲ့ AI Vlog Voice Enhancer လည်း ပါရှိလာပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ OPPO က ဇူလိုင် ၁၄ ရက်နေ့က လူငယ်တွေအကြား နာမည်ကျော်ကြားရေပန်းစားပြီး နည်းပညာပိုင်းမှာပါ ခေတ်ရှေ့ပြေးတဲ့ OPPO Reno14 Series 5G ကို မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G မှာ ပါရှိလာတဲ့ 3.5x Telephoto Camera အပိုင်းတွေကို သုံးစွဲသူတွေအနေနဲ့ စိတ်ဝင်စားမှုများပြားခဲ့သလို သဘောကျနှစ်သက်မှုများလဲ ရှိခဲ့ကြပါတယ်။  OPPO Reno14 Series 5G ရဲ့ ထုတ်ကုန်တွေထဲမှာမှ OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ပါရှိတဲ့ 3.5x Telephoto Camera ဟာဆိုရင် အဝေးက အရာဝတ္ထုတွေနဲ့ ပုံရိပ်တွေကို အသေးစိတ် အချက်အလက်ကအစ ပေါ်လွင်အောင် အသေသပ်ဆုံးနဲ့ တိကျလှပစွာ ဖမ်းယူပေးနိုင်မဲ့အပြင် တိကျလှပတဲ့ Hardware Level အဆင့်ရှိ 3.5x Telephoto Camera ကို တပ်ဆင်ထားနိုင်တဲ့ နောက်ဆုံးပေါ် Flagship နည်းပညာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ပြည့်စုံစေနို...