အသံတလွှာချင်းစီကို အရှင်းလင်းဆုံးခံစားနိုင်မည့် Galaxy Buds4 Series ကို တစ်ခုဝယ် တစ်ခုလက်ဆောင် အထူးပရိုမိုးရှင်းကြီးဖြင့် Pre-order မှာယူနိုင်ရန် Samsung မှ စတင်မိတ်ဆက်
Samsung ၏ Audio နည်းပညာသစ် Intelligent Adaptive Control စနစ်ကို အသုံးပြုထားသောကြောင့် မူလအသံအတိုင်း စစ်မှန်မှုကို ပေးစွမ်းနိုင်ပြီး ပတ်ဝန်းကျင်အခြေအနေအလိုက် အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးနိုင် Samsung Electronics Co., Ltd. ကနေ အဆင့်မြင့် Hi-Fi အသံစနစ်နှင့် Premium နားကြပ်တစ်လုံး ပေးစွမ်းနိုင်တဲ့ အတွေ့အကြုံများကို ခံစားနိုင်ပြီး နေ့စဉ်ဝတ်ဆင်ရာတွင် အဆင်ပြေဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Galaxy Buds4 Pro နှင့် Galaxy Buds4 တို့ကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။အသံထွက်ပိုင်းဆိုင်ရာနှင့် ဝတ်ဆင်ရာတွင်လည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Galaxy Buds4 Series ဟာ ကောင်းမွန်သော အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာပါ။ ခေတ်မီနည်းပညာများဖြင့် ဒီဇိုင်းထုတ်ထားသောကြောင့် ဝတ်ဆင်ရာတွင် အံကိုက်ဖြစ်နေစေပြီး Samsung ရဲ့ အဆင့်မြင့်ဆုံး အသံပိုင်းဆိုင်ရာ နည်းပညာများကြောင့် သက်တောင့်သက်သာရှိမှုကိုပါ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုကြီးမားလာသော Woofer နှင့် ပိုမိုကောင်းမွန်လာသော ANC စနစ်တို့ကြောင့် Galaxy Buds4 Pro ကို ပြည့်စုံထူးခြားကောင်းမွန်လာစေပါတယ်။ ANC & Adaptive EQ စနစ်ကြောင့် အသံကို အလိုအလျော...