AYA BANK , uab bank နှင့် ကမ္ဘောဇဘဏ်တို့၏ ပြည်ပထွက်ခွာမည့်သူ အသေးသုံးနိုင်ငံခြားငွေ လဲလှယ်နိုင်ကြောင်း အသိပေးကြေညာချက်
AYA BANK အသိပေးကြေညာချက်
ပြည်ပသို့ ခရီးသွားခြင်း၊ ပညာတော်သင်၊ ဆေးကုသမှုခံယူခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ခွာကြမည့်သူများအတွက် AYA BANK မှ အောက်ဖော်ပြပါ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေလဲလှယ်ကောင်တာများ ဖွင့်လှစ်ထားပြီး တစ်ဦးလျှင် သတ်မှတ်ပမာဏအတိုင်းရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။
(၁) ရန်ကုန်-(၈) - ပါရမီဘဏ်ခွဲ
အမှတ်(၁၀၅-ဒီ)၊ ပါရမီလမ်းသစ်လမ်းမ၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(၂) ရန်ကုန်-(၁၆) - မရမ်းကုန်းဘဏ်ခွဲ
အမှတ်(၁၁၀)၊ အခန်းမှတ် (၆/၇/၁၄/၁၅/၂၂/၂၃)၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(၃) ရန်ကုန်-(၂၆) - ကျောက်တံတားဘဏ်ခွဲ
အမှတ်(၄၁၆)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(၄) ရန်ကုန်-(၈၃) - အလုံဘဏ်ခွဲ
အမှတ်(၂၃-ဂျီ၁)၊ မြေကွက်အမှတ်(၃/ဘီ)၊ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့်၊ River View Point Condominium၊ အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(၅) Yangon International Airport Counter
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်လေဆိပ်လမ်း၊ ကြံခင်းစုရပ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
(၆)မန္တလေး-၂ (လမ်း၃၀)ဘဏ်ခွဲ
အကွက်အမှတ်(၆၁၉)၊ မန်းမြန်မာတိုက်အမှတ်(၂)၊ အခန်း(စီ-၁၊၂၊၃၊၄) (ဒီ-၁၊၂၊၃၊၄)၊ လမ်း(၃၀)၊ (၇၇×၇၈)လမ်းကြား၊ ဟေမာဇလရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
(၇)မန္တလေး(၂၂)- (၂၆)လမ်းဘဏ်ခွဲ (စိတ္တရမဟီအိမ်ရာ)
(၂၆)လမ်း၊ (၇၃ x ၇၄)လမ်းကြား၊ စိတ္တရမဟီအဆင့်မြင့်အိမ်ရာစီမံကိန်း၊ ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး။
(၈)နေပြည်တော်
အမှတ် (၁၁၁ -၁၁၂) ၊ အဆင့်မြင့်စျေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
uab bank အသိပေးကြေညာချက်
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသမည့်သူ၊ ပညာတော်သင် သွားရောက်မည့်သူ၊ ဘုရားဖူးထွက်ခွာမည့်သူ၊ ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့ ဖိတ်ကြားချက်ကြောင့် အစည်းအဝေးတက်ဖို့ ထွက်ခွာသူများအတွက် uab bank မှ အောက်ဖော်ပြပါ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေလဲလှယ်ကောင်တာများ ဖွင့်လှစ်ထားပြီး တစ်ဦးလျှင် သတ်မှတ်ပမာဏအတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားပါသည်။
uab bank ဘဏ်ခွဲများဖြစ်သည့်
• နေပြည်တော်ဘဏ်ခွဲ၊
• ရွှေဂုံတိုင်ဘဏ်ခွဲ၊
• သိမ်ဖြူဘဏ်ခွဲ၊
• စမ်းချောင်းဘဏ်ခွဲ၊
• ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊
• ဆိုင်းတန်းဘဏ်ခွဲ(မန္တလေး)၊
• ဒိုင်းမွန်း ပလာဇာဘဏ်ခွဲ(မန္တလေး)၊
• (၈၄)လမ်းဘဏ်ခွဲ(မန္တလေး) တို့မှ တစ်ဆင့်
နိုင်ငံခြားငွေ ဝယ်ယူ၊ လဲလှယ်နိုင်ပြီဖြစ်ကြောင်း အသိပေးထားပါသည်။
ကမ္ဘောဇဘဏ် အသိပေးကြေညာချက်
ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အထူးအစီအစဉ်အနေဖြင့် ကမ္ဘောဇဘဏ်မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို ငွေလဲနှုန်း ၃၀၈၀ - ၃၁၀၀ ဖြင့် ရောင်းချပေးလျက် ရှိကြောင်း
အသိပေး ကြေညာထားပါသည်။
ဝယ်ယူမည့်သူများအနေဖြင့် အောက်ပါအကြောင်းအရာများနှင့် ကိုက်ညီသူများဖြစ်ရပါမည်။
၁။ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူများ
၂။ ပညာတော်သင်ရန်ထွက်ခွာသူများ
၃။ ဆေးကုသမှုခံယူရန်ထွက်ခွာသူများ
၄။ ဘုရားဖူးထွက်ခွာသူများ
၅။ ပြည်ပနိုင်ငံအစိုးရ၊ အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများ
ဝယ်ယူမည့် customer များအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံစွာ တင်ပြ၍ ဝယ်ယူရမည် ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက KBZ Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Comments
Post a Comment