ဂျပန်ဗဟိုဘဏ် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း မြှင့်တင်
ဂျပန်ဗဟိုဘဏ်ဖြစ်သည့် Bank of the Japan (BOJ) သည် ၎င်း၏ အဓိကအတိုးနှုန်းကို (-)0.1% မှ ၀% မှ ၀.၁% အထိ တိုးမြှင့်လိုက်သည်။
၂၀၁၆ ခုနှစ်တွင် ဘဏ်သည် နိုင်ငံ၏ ထိုင်းမှိုင်းနေသော စီးပွားရေးကို လှုံ့ဆော်ရန် ကြိုးပမ်းရာ၌ အတိုးနှုန်းကို သုညအောက်သို့ လျှော့ချခဲ့သည်။
အနုတ်လက္ခဏာ အတိုးနှုန်း သတ်မှတ်သည့် ဗဟိုဘဏ် ဟူ၍ BOJ သာ ရှိခဲ့သည်။ BOJ က အတိုးနှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီ ဖြစ်သဖြင့် ယခုအခါ အနုတ်လက္ခဏာအတိုးနှုန်း သတ်မှတ်သည့် ဗဟိုဘဏ် ကမ္ဘာပေါ်တွင် မရှိတော့ချေ။
အနုတ်ပြသည့် အတိုးနှုန်း သတ်မှတ်ထားသည်အခါ ဘဏ်တွင် လူအများတို့ ငွေအပ်နှံစုဆောင်းခဲ့လျှင် အပ်နှံသူတို့က ဘဏ်ကို အတိုးပေးကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ ဘဏ်မှာ ငွေမစုဘဲ ငွေကို သုံးစွဲကြစေခြင်းဖြင့် စီးပွားရေးကို နှိုးဆွပေးခြင်း ဖြစ်သည်။
Source bbc
Comments
Post a Comment