ဒေါ်လာ ရင်းဂစ် ငွေလဲနှုန်း မှားယွင်း ဖော်ပြခဲ့သည့်အတွက် ဂူးဂဲလ်မလေးရှား တောင်းပန်

အမေရိကန် ဒေါ်လာနှင့် ရင်းဂစ်အကြား မှားယွင်းသော ငွေလဲနှုန်းကို Google မှ မတ်လ ၁၅ ရက်နေ့တွင် ပြသခဲ့ကြောင်း မလေးရှား ဗဟိုဘဏ် Bank Negara Malaysia (BNM) မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော အမှားမျိုးကို Google က ပြသသည်မှာ ၂၀၂၄ ခုနှစ်တွင် ၂ ကြိမ် ရှိသွားပြီဟု BNM က ပြောကြားသည်။

လက်တွေ့ ရောင်းဝယ်ဖောက်ကားမှုကို ဖော်ပြထားခြင်း မဟုတ်သည့် မမှန်ကန်သော အချက်အလက်ဖြစ်သည်ဟု BNM က ပြောကြားသည်။


မတ်လ ၁၅ ရက်နေ့တွင် ဘဏ်၏ တရားဝင် ၀ က်ဘ်ဆိုက်မှာ နံနက် ၉ နာရီ တစ်အမေရိကန်ဒေါ်လာကို ရင်းဂစ် ၄.၇၀၁၅ ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ကြောင်းဖော်ပြခဲ့သည်။ ညနေ ၅ နာရီ ဈေးကွက်ပိတ်ချိန် ငွေလဲနှုန်းမှာ တစ်အမေရိကန်ဒေါ်လာကို ရင်းဂစ် ၄.၇၀၄၅ ဖြင့် ဈေးပိတ်ခဲ့သည်။ တနေ့တာ အမြင့်ဆုံး ငွေလဲနှုန်းမှာ တစ်အမေရိကန်ဒေါ်လာကို ရင်းဂစ် ၄.၇၀၇၅ ဟု ဗဟိုဘဏ် ဝဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဂူးဂဲလ်က တနေ့တာ အမြင့်ဆုံး ငွေလဲနှုန်းမှာ တစ်အမေရိကန်ဒေါ်လာကို ၄.၉၈ ရင်းဂစ်ဟု ဖော်ပြခဲ့သည်။ 

BNM က အမှားအယွင်းသည် ပထမဆုံးမဟုတ်ကြောင်းနှင့် ဖေဖော်ဝါရီ ၆ ရက်က အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း ပြောကြားသည်။ ထိုစဉ်က ဗဟိုဘဏ် BNM က ဂူးဂဲလ်ကို သတိပေးစာ ထုတ်ပြန်ခဲ့သည်။ 


Google Malaysia သည် ၎င်း၏ဘဏ္ဍာရေးစာမျက်နှာတွင် လွှင့်တင်ထားသော  ကန်ဒေါ်လာ-ရင်းဂစ် (USD-MYR) လဲလှယ်နှုန်းမှားယွင်းမှုအတွက် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

သတင်းအချက်အလက် ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် ဖော်ပြပေးခြင်း ဖြစ်သဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချရန်အတွက် Bank Negara Malaysia (BNM) ကဲ့သို့သော တရားဝင်ရင်းမြစ်များနှင့် တိုင်ပင်ပါဟု ဂူးဂဲလ်က ရေးသားထားသည်။


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်