"စားအုန်းဆီ ကင်းစင်" စာသား ဖော်ပြပါက ဒဏ်ငွေ ရင်းဂစ် ၂၅၀,၀၀၀ အထိ ဒဏ်တပ်ခံရမည်
"စားအုန်းဆီ ကင်းစင်" Palm Oil Free" စာသား ဖော်ပြပါက ဒဏ်ငွေ ရင်းဂစ် ၂၅၀,၀၀၀ အထိ ကျခံရမည်ဟု မလေးရှားနိုင်ငံ စိုက်ခင်းနှင့် ကုန်စည် ဝန်ကြီး Datuk Seri Johari Abdul Ghani က သတိပေးထားသည်။
ထုတ်ကုန်များတွင် "စားအုန်းဆီ ကင်းစင်သော" ကဲ့သို့သော စားအုန်းဆီကို ခွဲခြားနှိမ်ချသည့် စာသားများ အသုံးပြုခြင်းကို ကုန်သွယ်မှု ဖော်ပြချက်များ အက်ဥပဒေ ၂၀၁၁ အရ တားမြစ်ထားသည်။
စည်းမျဥ်းစည်းကမ်းကို လိုက်နာရန် တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည် ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်နေသည့် ကုန်သည်များနှင့် စျေးကွက်တင်သူများကို ချက်ခြင်း အရေးယူသွားမည်ဟု Johari က ပြောကြားသည်။
ထိုသို့သော စာသားဖော်ပြချက်ပါသည့် ထုတ်ကုန်ကို ရောင်းချသည့် စူပါမားကက်များကိုလည်း အရေးယူမည်ဟု ၎င်းက ပြောကြားသည်။
၎င်းစာသား ဖော်ပြထားသည့် သွင်းကုန်အချို့ကိုလည်း တွေ့ရှိသဖြင့် မလေးရှားသို့ ဆိုက်ရောက်သည့်နေရာတွင် ဖမ်းဆီးသိမ်းဆည်းရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။
၂၅၁ နေရာကို ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ နေရာ ၈၀ တွင် "No Palm Oil" "စားအုန်းဆီ မပါ" စာသားဖော်ပြထားသည့် ထုတ်ကုန်များ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် Johari က သတိပေးလိုက်ခြင်း ဖြစ်သည်။
Source nst
Comments
Post a Comment