မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ခိုင်မာစေရေးအတွက် နိုင်ငံခြားငွေလဲ ကောင်တာများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေး

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို၊ ပြည်ပသိုသွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိပါသည်။

၂။    ထိုပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

၃။    ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများပါဝင်သော ပူးပေါင်းအဖွဲသည် (၆-၃-၂၀၂၄) ရက်နေ့ နှင့် (၈-၃-၂၀၂၄) ရက်နေ့တိုတွင် ရန်ကုန်မြိုရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ အောက်ပါ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူ (၄) ဦးသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွက်မည့်အချက် များကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်-

    (က)    Thura Nay Tun (Fame Money Changer)

    (ခ)    Lead Star Money Changer

    (ဂ)    Steber Group Money Changer

    (ဃ)    Asia Shwe Thee Money Changer

၄။    သိုဖြစ်ပါ၍ အထက်ပါ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူ (၄) ဦးအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်။

၅။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ဤကဲ့သို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၁၁-၃-၂၀၂၄)

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်