Facebook သို့ တက်စလာ ပြန်ရောက်လာပြီး ကြော်ငြာဝယ်ယူ

Tesla သည် လွန်ခဲ့သော 6 နှစ်ခန့်က Facebook ကို ကျောခိုင်းထွက်ခွာခဲ့ပြီးနောက် ယခုအခါ Facebook သို့ ပြန်လည်ရောက်ရှိလာသည့်အပြင်  ကြော်ငြာများကိုပင်လျှင် စတင်ဝယ်ယူခဲ့သည်။


၂၀၁၈ခုနှစ် တွင် တက်စလာ၏ စီအီးအို အီလွန်မတ်စ်သည် Follower သန်း:ဂဏန်းရှိသော တက်စလာ၏ Facebook စာမျက်နှာကို ဖျက်သိမ်းပစ်ခဲ့သည်။ Facebook သည် သုံးစွဲသူတို့၏ အချက်အလက်များ မပေါက်ကြားစေရေးအတွက် စိတ်မချရသည့် ပလက်ဖောင်းဟု ပြောဆိုဝေဖန်ခဲ့သည်။ သူကိုယ်တိုင်သည်လည်း Facebook ကို အသုံးမပြုချေ။ 

တက်စလာ၏ Instagram စာမျက်နှာကိုလည်း ဖျက်သိမ်းခဲ့သည်။ 

အီလွန်မတ်စ်သည် Facebook နှင့် Instagram တို့၏ မိခင်လုပ်ငန်း Meta ၏ စီအီးအို မတ် ဇပ်ကာဘတ်နှင့်လည်း ကတောက်ကဆ ဖြစ်ခဲ့သည်။

မတ်စ်က Twitter ကို ဝယ်ယူခဲ့ပြီးနောက် မတ်စ်၏ လုပ်ဆောင်ချက်များအပေါ် Twitter သုံးစွဲကြသူတို့ စိတ်ပျက်နေကြစဉ် ဇပ်ကာဘတ်က Threads လူမှုကွန်ရက်ပလက်ဖောင်းကို ထူထောင်ခဲ့သည်။ Twitter သုံးစွဲကြသူတို့ကို Threads ဆီသို့ ပြောင်းရွှေ့အခြေချကြရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လိုက်ခြင်း ဖြစ်သဖြင့် Twitter ပိုင်ရှင် မတ်စ်က ဇပ်ကာဘတ်ကို ကြိးဝိုင်းထဲ သတ်ပုတ်ကြရန် စိန်ခေါ်သည်အထိ ဖြစ်ခဲ့သည်။

မတ်စ်က Twitter ကို X ဟု အမည်ပြောင်းလိုက်သည်။ 

တက်စလာသည်  မတ်စ် ပိုင်ဆိုင်သည့် လူမှုကွန်ရက် ပလက်ဖောင်း  X တွင် ကြော်ငြာစရိတ် ပိုမိုသုံးစွဲလာချိန်တွင် Facebook မှာ ကြော်ငြာမသုံးသည့်အပေါ် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

ပရိသတ်အင်အား၊ ရေပန်းစားခြင်း အစစအရာရာ Facebook က X  ထက် သာလွန်နေပါလျက် Facebook တွင် ကြော်ငြာ မသုံးဘဲ X မှာ သုံးစွဲနေခြင်းသည် X  ပိုင်ရှင် မတ်စ်သည် ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ပြီး ဆောင်ရွက်နေခြင်းဟု ဝေဖန်ကြသည်။

နှစ်အတန်ကြာအောင် မတ်စ်သည် ကြော်ငြာကို ပစ်ပယ်ထားခဲ့သည်။ တက်စလာသည် ကြော်ငြာစရိတ် မသုံးစွဲဟု မတ်စ်က အတိအလင်း ပြောကြားခဲ့သည်။ 


ယမန်နှစ်ကစ၍ မူပြောင်းလဲလိုက်သည်။ တက်စလာသည် Google နှင့် Youtube တို့တွင် ပထမဆုံးအကြိမ် စတင်ကြော်ငြာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလတွင် X မှာ တက်စလာ ကြော်ငြာသည်။

ယခု မတ်လတွင် တက်စလာသည် Facebook တွင်  စာမျက်နှာ ပြန်ဖွင့်သည်။ ပို့စ်များတင်သည်။ ပို့စ်များကို များများပြသပေးရန် ကြော်ငြာ Sponsor ဝယ်ယူသည်။

Instagram တွင်လည်း အလားတူပင် ကြော်ငြာသည်။ 

Meta အမည်ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း တက်စလာက ပထမဆုံးအကြိမ် စာမျက်နှာများ ပြန်အသက်သွင်းရုံမျှမက ကြော်ငြာများကိုပါ သုံးစွဲလိုက်ခြင်း ဖြစ်ပါသည်။ 



Source electrek


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်