တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး သုံးခုအနက် PetroChina တခုတည်းသာ အသားတင်အမြတ် တိုးခဲ့
၂၀၂၃ ခုနှစ်တွင် PetroChina သည် ဝင်ငွေ လျော့ကျခဲ့သော်လည်း လုပ်ငန်းအသုံးစရိတ်များ လျော့ကျစေခဲ့ပြီးနောက် ဒုတိယမြောက်နှစ်အဖြစ် ၂ နှစ်ဆက်တိုက် အမြင့်မားဆုံးစံချိန်သစ် အမြတ်အစွန်းကို ရရှိခဲ့သည်။
PetroChina သည် တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး သုံးခုအနက် ယမန်နှစ်တွင် အသားတင်အမြတ်ငွေ တိုးမြင့်ခဲ့သည့် တစ်ခုတည်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး ဖြစ်သည်။
PetroChina သည် ဒီဇင်ဘာ ၃၁ ရက် ကုန်ဆုံးသည့် ၁၂ လတာ ကာလအတွင်း အသားတင်အမြတ်ငွေ ယွမ် ၁၆၁.၁ ဘီလီယံ (ကန်ဒေါ်လာ ၂၂.၂ ဘီလီယံ) သို့ ၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လုပ်ငန်းလည်ပတ် ဝင်ငွေသည် ယွမ် ၃.၀၁ ထရီလီယံ (ကန်ဒေါ်လာ ၄၁၇.၁ ဘီလီယံ) သို့ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်သည် ယွမ် ၂.၇၈ ထရီလီယံသို့ ၈.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဝင်ငွေကျဆင်းစေသည့် အကြောင်းရင်းတချက်မှာ ထုတ်ကုန်ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
PetroChina ၏ သဘာဝဓာတ်ငွေ့ပျမ်းမျှစျေးနှုန်းသည် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ယွမ် ၂၀၇၆ (ကန်ဒေါ်လာ ၂၉၀) သို့ ၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
အလားတူပင် ရေနံစိမ်း ဈေးနှုန်းများလည်း ကျဆင်းခဲ့ရာ တတန်လျှင် ယွမ် ၄,၀၃၀ သို့ ၁၃.၂% ကျဆင်းခဲ့သည်။
အရောင်းပမာဏ မြင့်တက်ခဲ့သည်။
• ရေနံစိမ်း တန် သန်း ၁၅၀ (၁၉.၄% မြင့်တက်)
• သဘာဝဓာတ်ငွေ့ တန် ၂.၇ သန်း (၅.၁% မြင့်တက်)
• ဓာတ်ဆီ တန် ၆၇.၁ သန်း (၁၅.၃% မြင့်တက်)
နိုင်ငံပိုင် PetroChina သည် ယခုနှစ်တွင် ရေနံစည်ပေါင်း ၉၀၉ သန်း ထုတ်လုပ်မည်ဖြစ်သည်။
ရေနံစိမ်းစည်ပေါင်း ၁.၄ ဘီလီယံကို ချက်လုပ်သန့်စင်မည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး နှစ်ခု ဖြစ်သော China Petroleum and Chemical Corporation (Sinopec) နှင့် China National Offshore Oil Corporation (CNOOC) တို့သည် တနှစ်တာအတွက် အသားတင်အမြတ် ၁၃% စီ လျော့ကျခဲ့ကြပါသည်။
Sinopec သည် အသားတင်အမြတ် ယွမ် ၅၈.၃ ဘီလီယံ (ကန်ဒေါ်လာ ၈.၁ ဘီလီယံ) သို့ ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
CNOOC သည် အသားတင်အမြတ် ယွမ် ၁၂၃.၈ ဘီလီယံသို့ ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source Yicai
Comments
Post a Comment