Rakuten Viber ၏ Foodie Point Channel အတွက် နာမည်ကျော် Food Blogger တစ်ဦးဖြစ်သူ “Ser Mal - စားမယ်” နှင့်လက်တွဲ၍ စိတ်လှုပ်ရှားစရာ အစီအစဉ်များ လုပ်ဆောင်သွားမည်

 Rakuten Viber ၏ Foodie Point Channel အတွက် နာမည်ကျော် Food Blogger တစ်ဦးဖြစ်သူ “Ser Mal - စားမယ်” နှင့်လက်တွဲ၍ စိတ်လှုပ်ရှားစရာ အစီအစဉ်များ လုပ်ဆောင်သွားမည်

စိတ်လှုပ်ရှားစရာ အစီအစဉ်များနှင့် အပတ်စဉ် ဆုမဲများအား Foodie Point Viber Channel အသုံးပြုသူများထံ ပေးအပ်သွားမည်




 မြန်မာနိုင်ငံမှ အစားအသောက် ချစ်မြတ်နိုးသူများအကြားတွင် နာမည် ကျော်ကြားသော Rakuten Viber ၏ Foodie Point - အစားချစ်သူတို့ဆုံမှတ် Viber Channel သည် နာမည်ကျော် Food Blogger တစ်ဦး ဖြစ်သည့် “Ser Mal - စားမယ်” နှင့် လက်တွဲ၍ စိတ်လှုပ်ရှားစရာ Takeover အစီအစဉ်များအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည် ။ ဤလက်တွဲလုပ်ဆောင်မှုအရ “Ser Mal - စားမယ်” သည် လာမည့် ဧပြီလတစ်လလုံးတွင် Foodie Point Viber Channel မှတဆင့် အစားအသောက်နှင့် ပတ်သက်သော အကြောင်းအရာများနှင့် မြန်မာနိုင်ငံ တစ်ဝန်းမှ ဒေသထွက် အစားအစာများအား သွားရောက် မြည်းစမ်းသည့် အစီအစဉ်များအား မျှဝေတင်ဆက် သွားမည် ဖြစ်သည့်အပြင် စိတ်လှုပ်ရှားစရာ ဆုမဲများကိုလည်း ပရိသတ်များအား ပေးအပ်သွားမည် ဖြစ်သည်။


၎င်း၏ အစားအသောက်ပိုင်းဆိုင်ရာ သုံးသပ်ချက်များနှင့် မြန်မာနိုင်ငံ၏ ဒေသထွက် အစားအစာများအပေါ် စိတ်ဝင်တစား လေ့လာလိုက်စားမှုများကြောင့် ပရိသတ်များအကြား နာမည်ကျော်ကြားသည့် “Ser Mal - စားမယ်” သည် ၎င်း၏ အကြိုက်နှစ်သက်ဆုံး အစားအစာများ၊ ပရိသတ်များအကြား လူကြိုက်များသည့် အစားအစာများအပြင် လူသိနည်းသည့် အခြားသော ရှားပါးဟင်းလျာများနှင့် အစားအသောက်များကိုပါ Foodie Point Viber Channel မှတဆင့် မျှဝေပေးသွားမည် ဖြစ်သည်။


“အခုလို မြန်မာနိုင်ငံက နာမည်ကျော် Food Blogger တစ်ဦးဖြစ်တဲ့ Ser Mal - စားမယ် နဲ့ အထူးအစီအစဉ်တစ်ရပ်ကို လက်တွဲလုပ်ဆောင်သွားနိုင်တော့မှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ သူ့ရဲ့ အစားအသောက် ဟင်းလျာများ အပေါ် မြတ်နိုးမှုဟာ ကမ္ဘာတစ်ဝန်းနဲ့ မြန်မာတစ်နိုင်ငံလုံးက အစားအသောက် ချစ်ခင်မြတ်နိုးသူတွေကို ပေါင်းစည်း ချိတ်ဆက်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ Foodie Point Viber Channel ရဲ့  ရည်သန်ချက်နဲ့ အပြည့်အဝ ကိုက်ညီမှုရှိနေပြီး ဒီလက်တွဲလုပ်ဆောင်မှုကနေ ပရိသတ်တွေကို စိတ်လှုပ်ရှား စရာတွေ ယူဆောင်လာပေးဖို့ မစောင့်နိုင်တော့ပါဘူး” ဟု Rakuten Viber ၏ Senior Director APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။


ဤလက်တွဲလုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် Foodie Point Viber Channel သည် ၎င်း၏ ပရိသတ်များ အတွက် စိတ်လှုပ်ရှားစရာ ဆုမဲများကိုလည်း ‌ပေးအပ်သွားရန် စီစဉ်ထားသည်။ Foodie Point Viber Channel အား Subscribe လုပ်ဆောင်ထားသည့် ပရိသတ်များအနေနှင့် Seafood City Hotpot Buffet စားသုံးနိုင်သည့် ကူပွန်ဘောက်ချာများ အပြင် အထူးဆုအဖြစ် မိုက်ကရိုဝေ့ဗ် (Microwave) ဆုကြီးများကိုလည်း အပတ်စဉ် ကံစမ်းရယူ သွားနိုင်ဦးမည် ဖြစ်သည်။


ထို့အပြင် Foodie Point Viber Channel သည် လာမည့် မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ Central Boulevard တွင် ကျင်းပပြုလုပ်သွားမည့် “Evening Bazaar 2024” တွင်လည်း ပါဝင်သွားမည် ဖြစ်ပြီး လာရောက်အား‌ပေး သူများအနေနှင့် Foodie Point Viber Channel ၏ Pop-up Activation Booth သို့သွားရောက်၍ စိတ်လှုပ်ရှားစရာ ဆုမဲများ အား ချက်ချင်းလက်ငင်း ရယူကံစမ်းသွားနိုင်မည်လည်း ဖြစ်သည်။


ဧပြီလ တစ်လလုံး လုပ်ဆောင်သွားမည့် “Ser Mal - စားမယ်” ၏ Foodie Point Viber Channel Takeover အစီအစဉ်တွင် ဆုမဲများအား ပါဝင်ကံစမ်းရန်အတွက် Viber အသုံးပြုသူများအနေနှင့် Foodie Point Viber Channel အား အခမဲ့ Subscribe လုပ်ဆောင်ထားရမည် ဖြစ်ပြီး အစီအစဉ် အသေးစိတ်အား မကြာမီတွင် အဆိုပါ Viber Channel မှတဆင့် ကြေညာပေးသွားမည် ဖြစ်သည်။


Rakuten Viber အကြောင်း

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များ ဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း (one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။ 

>

>

>

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်