Reddit မှ အကြောင်းအရာများ AI အတွက် သုံးခွင့် လိုင်စင် Google ရယူ
လူမှုမီဒီယာပလက်ဖောင်း Reddit တွင် အများသူငါ တင်ပြထား၊ ဆွေးနွေးထားသည့် အကြောင်းအရာများကို ရှာဖွေရေးအင်ဂျင်ကြီး Google ၏ ဉာဏ်ရည်တု (AI) မော်ဒယ်များကို လေ့ကျင့်သင်ကြားရန်အတွက် အသုံးပြုရန် ခွင့်ပြုသည့် လိုင်စင် သဘောတူညီချက်ကို ရရှိခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ Alphabet ပိုင်ဆိုင်သည့် Google က တနှစ်လျှင် ကန်ဒေါ်လာ သန်း ၆၀ ဝန်းကျင် Reddit ကို ပေးမည်။
ကြော်ငြာခ အမေရိကန်ဒေါ်လာများ ရဖို့အတွက် TikTok နှင့် Meta Platform ၏ Facebook ကဲ့သို့သော ပြိုင်ဘက်များကို အသည်းအသန် ပြိုင်ဆိုင်နေရသော Reddit အတွက် ဝင်ငွေအသစ် ရပေါက်ရလမ်းတခု ရရှိသွားသည်။
AI သည် စာများ ပုံများကို များများဖတ်မှ မှတ်မှ များများတတ်မြောက်သဖြင့် ဖတ်စရာ မှတ်စရာများကို အင်တာနက်မှ အခမဲ့ ရယူနေသည့်အပေါ် မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ပြစ်တင်ဝေဖန်ခြင်း၊ တရားစွဲဆိုခြင်းများ ဖြစ်ပေါ်နေသည်။
အင်တာနက်ပေါ် တင်ပြထားသည့် အကြောင်းအရာများ၏ ဖန်တီးသူ အများအပြားက ၎င်းတို့၏ အကြောင်းအရာများကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုသည်ဟု စွပ်စွဲကြပြီး အဆိုပါ လုပ်နည်းကိုင်ဟန်သည် မူပိုင်ခွင့် copyright ချိုးဖောက်မှုနှင့် ငြိစွန်းနေပါသည်။
သို့ဖြစ်ရာAI မော်ဒယ်များကို ဖန်တီးသူများသည် မကြာသေးမီလများအတွင်း ဖတ်စရာ အကြောင်းအရာပိုင်ရှင်များနှင့် သဘောတူညီချက်များရယူရန် ကြိုးပမ်းနေကြပါသည်။
web developer Steve Huffman နှင့် လုပ်ငန်းရှင် Alexis Ohanian တို့က ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဆန်ဖရန်စစ္စကိုအခြေစိုက် Reddit သည် ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ ၁၀ ဘီလီယံရှိသည်။ ပလက်ဖောင်းတွင် နှီးနှောဖလှယ်သည့် အုပ်စုများ ဖွဲ့ပေးထားရာ အချို့အုပ်စုများတွင် ပါဝင်သူ သန်းပေါင်းများစွာ ရှိပါသည်။
Source Reuters
#ICTGuide #AdvertisingGuide
Comments
Post a Comment