အမေရိကန်မှ TikTok လုပ်ငန်းကဏ္ဍတခုလုံး ရောင်းလျှင်ရောင်း၊ မရောင်းလျှင် ပိတ်ပင်မည့် ဥပဒေ အတည်ပြု

 အမေရိကန်မှ TikTok လုပ်ငန်းကဏ္ဍတခုလုံးကို ရောင်းလျှင်ရောင်း၊ မရောင်းလျှင် ပိတ်ပင်မည့် ဥပဒေကို အောက်လွှတ်တော်က မဲခွဲခဲ့ရာ ထောက်ခံ ၃၅၂၊ ကန့်ကွက် ၆၅ ဖြင့် အတည်ပြုလိုက်ပါသည်။




တရုတ်နိုင်ငံမှ မိခင်ကုမ္ပဏီ ByteDance နှင့် ပတ်သက်နေခြင်းကို ခြောက်လအတွင်း လုံးဝကင်းကွာအောင် မပြုပါက အမေရိကန်နိုင်ငံတွင် TikTok ကို ပိတ်ပင်မည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့ (မတ် ၁၄)တွင် အတည်ပြုလိုက်သည်။

၎င်းဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးဖို လိုအပ်ပါသည်။ အကယ်၍ အတည်ပြုပေးခဲ့လျှင် သမ္မတ ဘိုင်ဒန်က လက်မှတ်ထိုးပေးဖို လိုအပ်ပါသည်။ ဘိုင်ဒန်က  ဥပဒေကြမ်းကို လွှတ်တော် ၂ ရပ်က အတည်ပြုပါက လက်မှတ်ရေးထိုးမည်ဟု ကတိပြုထားသည်။

အမေရိကန်တွင် TikTok သုံးစွဲသူ သန်း ၁၇၀ ရှိပါသည်။ လုပ်ငန်းငယ် ၇ သန်း အသုံးပြုပါသည်။

#AdvertisingGuide

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်