ဆန်းသစ်တီထွင်မှုရှိသော၊ အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို ဖော်ဆောင်မည့် Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းကို မိတ်ဆက်

 ဆန်းသစ်တီထွင်မှုရှိသော၊ အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို ဖော်ဆောင်မည့် Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းကို မိတ်ဆက်




အသစ်မိတ်ဆက်လိုက်သော Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းမှတစ်ဆင့် အားလုံးပါဝင်နိုင်သော ငွေကြေးစနစ် (Financial Inclusion) ကို မြှင့်တင်




ရိုးမဘဏ်သည် “Building a Better Myanmar for its People” ဟူသော ရည်မှန်းချက်နှင့်အညီ ဘဏ်ဝန်ဆောင်မှုအရည်အသွေးများ၊ စံနှုန်းများနှင့် နည်းဗျူဟာကျကျဦးဆောင်ဦးရွက်ပြုမှုများကို ပိုမိုသာလွန်ကောင်းမွန်စေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ ရိုးမဘဏ်၏ဝန်ဆောင်မှုရယူသူများအတွက် ဆန်းသစ်တီထွင်မှုရှိသော၊ အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုဖြစ်သည့် Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းကို မိတ်ဆက်လိုက်ပါသည်။

Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းသည် လွယ်ကူ၊ လျင်မြန်ပြီး စိတ်ချလုံခြုံသော နည်းပညာမှတစ်ဆင့် သမားရိုးကျ ဘဏ်ဝန်ဆောင်မှုရယူသူများနှင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုသူများအကြား ကွာဟချက်ကို ထိထိရောက်ရောက်လျှော့ချပေးနိုင်ရန် ရည်ရွယ်ပါသည်။  Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းကို မိတ်ဆက်ခြင်းသည် အားလုံးပါဝင်နိုင်သော ငွေကြေးစနစ်ကို မြှင့်တင်ပေးနိုင်ရုံသာမက လူမှုအသိုင်းအဝိုင်းများနှင့် ဘဏ်ဝန်ဆောင်မှုရယူသူများအတွက် ၎င်းတို့၏ နေ့စဉ်ငွေကြေးစီမံခန့်ခွဲမှုများ ပိုမိုလွယ်ကူလျင်မြန်စေရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။


ရိုးမဘဏ် Acting Chief Products, Services and Channels Officer ဦးဉာဏ်မြင့်အောင်

Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်း၏ တရားဝင်မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မတ်လ (၂၂) ရက်၊ Melia Hotel ရန်ကုန်တွင် မီဒီယာများရှေ့မှောက်၌ ကျင်းပခဲ့ရာ ရိုးမဘဏ်၏ Acting Chief Products, Services and Channels Officer ဖြစ်သူ ဦးဉာဏ်မြင့်အောင်က “ယနေ့ခေတ် ဒစ်ဂျစ်တယ် အခင်းအကျင်းတွေကြား မြင့်မားလာတဲ့လိုအပ်ချက်တွေကို ရိုးမဘဏ်အနေနဲ့ ကောင်းစွာသိရှိနားလည်ပြီး လူမှုပတ်၀န်းကျင်အတွက် အကျိုးပြုနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖော်ဆောင်ပေးနေတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းမိတ်ဆက်ခြင်းနဲ့အတူ ဘဏ်ဝန်ဆောင်မှုနဲ့ ‌ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုသူတိုင်းအတွက် သာလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ယူဆောင်လာဖို့ ရိုးမဘဏ်က အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သည်။

ရိုးမဘဏ် Acting Chief Products, Services and Channels Officer ဦးဉာဏ်မြင့်အောင်


သာလွန်ကောင်းမွန်သော Digital Banking ဝန်ဆောင်မှုများ

“Bank Smarter, Next Better” ဟူသော ဆောင်ပုဒ်နှင့်အညီ မိတ်ဆက်လိုက်သည့် Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းမှတစ်ဆင့် ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး၊ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းမှတစ်ဆင့် အခြား Yoma Bank Next Mobile Application QR Code (သို့မဟုတ်) Wave QR Code များကို တိုက်ရိုက်ငွေပေးချေနိုင်သည်သာမက အခြားသော ပြည်တွင်းဘဏ်ပေါင်း (၅၀) ကျော်သို့လည်း အလွယ်တကူ ငွေလွှဲနိုင်ပါသည်။ မည်သည့်ရိုးမဘဏ်ငွေစာရင်းရှိသူမဆို Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းကို ကိုယ်တိုင် activate လုပ်နိုင်ခြင်း၊ မိုဘိုင်းလ်ဖုန်းဘေလ်များ၊ လျှပ်စစ်မီတာဘေလ်များ၊ အင်တာနက်ဘေလ်များစသည့် ဘေလ်အမျိုးမျိုးပေးဆောင်နိုင်ခြင်း၊ ဂိမ်းကူပွန်နှင့် လက်မှတ်များဝယ်ယူခြင်း နှင့် စာရင်းသေအပ်ငွေစာရင်း (Fixed Deposits) များကိုလည်း ဘဏ်ခွဲသို့သွားရန် မလိုဘဲ ချက်ချင်းဖွင့်နိုင်ပါသည်။

Fingerprint ၊ facial recognition စသည့် Biometrics Authentication နည်းပညာကိုအသုံးပြုကာ ဝန်ဆောင်မှုရယူသူများ၏ ငွေကြေးများကိုလုံခြုံမှုပေးလျက်ရှိသည်သာမက Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း မျှဝေပေးလျက်ရှိပါသည်။ Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်း ကို  Google Play ၊ Apple Store နှင့် Huawei AppGallery စသည်တို့တွင် အလွယ်တကူ ဒေါင်းလုတ်ပြုလုပ်ကာအသုံးပြုနိုင်ပါသည်။



နေ့စဉ်လူနေမှုဘဝအတွက် အတွေ့အကြုံကောင်းများ

Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်း၏ သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်စေရန် ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် နည်းဗျူဟာကျကျပူးပေါင်း၍ အထူးအစီအစဉ်များ၊ အကျိုးခံစားခွင့်များကို ယူဆောင်လာမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဝန်ဆောင်မှုရယူသူတိုင်းအတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်ရုံသာမက ပိုမိုလွယ်ကူသော လူနေမှုဘဝကိုလည်း ရရှိနိုင်စေမည်ဖြစ်ပါသည်။




Next & Beyond အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်

Yoma Bank Next မိုဘိုင်းလ်အက်ပလီကေးရှင်းမိတ်ဆက်ခြင်းသည် ၂၀၂၄ ခုနှစ်အတွင်း ရိုးမဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် “Next & Beyond” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းသည်ယနေ့ခေတ် ဒစ်ဂျစ်တယ်အခင်းအကျင်းတွင် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများကို ယူဆောင်လာရန် ဟူသော ရိုးမဘဏ်၏ ကတိကဝတ်ကို ကိုယ်စားပြုခြင်းဖြစ်ပါသည်။ ထို့ပြင် ရိုးမဘဏ်၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) နှင့် ကော်ပိုရိတ်ဆိုင်ရာ ဘဏ်ဝန်ဆောင်မှုရယူသူများအတွက်လည်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများ တစ်နေရာတည်းတွင်ရရှိနိုင်သော  Business Banking Portal ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

ရိုးမဘဏ်သည် ဝန်ဆောင်မှုရယူသူများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဦးစားပေးခြင်း၊ တီထွင်ကြံဆမှုရှိခြင်း၊ သမာသမတ်ကျကျ လုပ်ဆောင်ခြင်း၊ လေးစားမှုရှိခြင်းတို့ကို အစဉ်အမြဲထိန်းသိမ်းလျက် ရှိသည်။ အားကောင်းသောပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် မျှဝေတန်ဖိုးများကိုဖန်တီးကာ လူနေမှု အဆင့်အတန်း မြင့်မားစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာ၌ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းဘဏ်များထဲတွင်  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရင်းနှီးမြှုပ်နှံထားသော ပထမဦးဆုံး ပြည်တွင်းဘဏ်တစ်ခု ဖြစ်သည်။ ထို့ပြင် Greenwood Capital Private Limited, GIC  မိတ်ဖက် လုပ်ငန်းစုနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအတွက် နော်ဝေနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း ဖြစ်သည့် Norfund စသည်တို့သည် ရိုးမဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအဖြစ် ပါဝင်ထားသည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်ချက် ခိုင်မာမှုနှင့် ရေရှည်တည်တံ့သော အရင်းအနှီးများ တိုးပွားလာစေရန်ဟူသော ကတိကဝတ်များကို သက်သေပြနိုင်ခဲ့သည်။

.

.


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်