တောင်ကိုရီးယား ဆေးဘက်ဆိုင်ရာအသိုင်းအဝန်း ဆန္ဒပြမှုအပေါ် အစိုးရ အလျှော့ပေး လိုက်လျော

 အစိုးရ ဆေးဘက်ဆိုင်ရာ မူဝါဒကို ဆန့်ကျင်ကြောင်း တောင်ကိုရီးယား ဆရာဝန်များ ဆန္ဒပြကြသည်။

၂၀၂၄ ခုနှစ် မတ်လ ၃ ရက်တွင် တောင်ကိုရီးယား ဆိုးလ်မြို့တော်မှာ ဆေးကျောင်းဝင်ခွင့် အရေအတွက် တိုးမြှင့်မည့် အစိုးရအစီအစဉ်ကို ဆန့်ကျင်သည့် စုဝေးဆန္ဒပြပွဲအတွင်း ဆရာဝန်များက ကြွေးကြော်သံများ  အော်ဟစ်ခဲ့ကြသည်။ 

အစိုးရက တပြားသားမှ အလျှော့မပေးဘဲ တင်းခံနေခဲ့ရာမှ လွှတ်တော်အတွက် ရွေးကောက်ပွဲတွင် အာဏာရပါတီ အကြီးအကျယ် အရေးနိမ့်ခဲ့ပြီး အတိုက်အခံပါတီက အနိုင်ရခဲ့ပြီးနောက် အစိုးရက သဘောထား ပြောင်းလဲလိုက်ရသည်။ 


အစိုးရက ၂၀၂၅ ခုနှစ်မှစ၍ ဆေးကျောင်း ဝင်ခွင့် အရေအတွက်ကို ၂,၀၀၀ အစား ၃,၀၀၀ သို့ တိုးမြှင့်မည့် မူဝါဒကို ကြေညာခဲ့သည်။ ၂၀၃၅ တွင် အထွေထွေရောဂါကု ဆရာဝန် ၁,၀၀၀ ထပ်တိုးပေးနိုင်မည့် အစီအစဉ် ဖြစ်ပါသည်။ 


အငယ်တန်းဆရာဝန်များက အစိုးရ မူဝါဒအပေါ် မကျေနပ်ကြသဖြင့် အလုပ်မဆင်းကြဘဲ ဆန္ဒပြကြခြင်းများ ရက်ရှည်ကြာနေသည်ကို အဆုံးသတ်စေရန် ရည်ရွယ်ချက်ဖြင့်  လာမည့်နှစ်တွင် ဆေးကျောင်းများတွင် ဝင်ခွင့်များကို အစိုးရမှ အတင်းအကျပ် သတ်မှတ်ပေးခြင်းအစား ၎င်းတို့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပေးမည် ဖြစ်ကြောင်း၊ အစိုးရသည် ၎င်း၏ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo က သောကြာနေ့ (ဧပြီ ၁၉)တွင် ပြောကြားခဲ့သည်။

 

အစိုးရမှ ထောက်ပံ့ထားသော ဆေးကျောင်းများ၏ ဌာနမှူးများသည် ဝင်ခွင့်ပေးရမည့် အရေအတွက်ကို မူဝါဒအသစ်မှ သတ်မှတ်ဦးရေ၏ ထက်ဝက်အထိ လျှော့ချရန် အဆိုပြုထားကြသည်ကို လက်ခံသဘောတူပါကြောင်း Han  က ပြောကြားသည်။ 

တက္ကသိုလ်များသည်လည်း ဝင်ခွင့် ပေးမည့် အရေအတွက် ခွဲတမ်းများကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ခြင်းကို အစိုးရမှ လိုက်လျောပေးမည်ဖြစ်ကြောင်းလည်း Han  က ပြောကြားသည်။ 


ယခုအခါ ဆေးကျောင်း ၃၂ ကျောင်းတို့သည် လာမည့်နှစ်အတွက် ယခင်သတ်မှတ်ထားသော ခွဲတမ်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ခွင့်ပြုမည် ဖြစ်သည်။ ၂၀၂၆ မှ စ၍ နောက်ပိုင်းကို မူလသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ 


ဆေးဘက်ဆိုင်ရာအသိုင်းအဝန်းတွင် သဘောတူညီမှုမရှိခြင်းကြောင့် အစိုးရသည် ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ပြန်လည်ပြင်ဆင်ပြီး လိုက်လျောပေးခဲ့ကြောင်း Han က ပြောကြားခဲ့သည်။


သမ္မတ ယွန်းသည် ၎င်း၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆရာဝန်များ ပိုမိုမွေးထုတ်ပေးရန် တွန်းအားပေးခဲ့သည်။


ဆိုးလ်မြို့တော်မှအပ အခြားနေရာဒေသများတွင် သမားတော်များ မလုံလောက်ခြင်း၊ အရေးပေါ်စောင့်ရှောက်မှုနှင့် ကလေးအထူးကုများအပါအဝင် မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ ပညာရှင်များတွင် သမားတော်များ ရှားပါးနေခြင်းကို ဖြေရှင်းရန်အတွက် ဆရာဝန်များ ပိုမိုမွေးထုတ်ပေးရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ 


ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည် ဆရာဝန်များ မလုံလောက်ခြင်း မဟုတ်ကြောင်း၊ လစာနှင့် လုပ်ငန်းခွင် အခြေအနေများကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း မရှိဘဲ ဆရာဝန်များ ထပ်တိုးထည့်သွင်းနေသည့် အစိုးရ၏ အစီအစဉ်များကို မထောက်ခံနိုင်ကြောင်း ဆန္ဒပြ သမားတော်များက ပြောကြားကြသည်။


ယွန်း၏ ဆရာဝန်များ ထပ်တိုးထည့်ခြင်း အစီအစဉ်ကို လူအများစုက ထောက်ခံကြသော်လည်း ဆန္ဒပြသည့် ဆရာဝန်များ၏ သဘောထားအမြင်များအပေါ် လိုက်လျောခြင်း မရှိဘဲ တင်းမာနေသဖြင့် အာဏာရှင်ဆန်နေသည်ကို လူထုက သဘောမကျကြချေ။ 


ပြီးခဲ့သည့်သီတင်းပတ်၏ ဥပဒေပြုအမတ် ရွေးကောက်ပွဲများတွင် ဆရာဝန်သပိတ်သည် အဓိက အကြောင်းအရာ ဖြစ်ခဲ့ပြီး ယွန်း၏ အာဏာရပါတီသည် အတိုက်အခံများ ထိန်းချုပ်ထားသော ပါလီမန်တွင် အမတ်နေရာ အများစုကို ပြန်လည်ရယူနိုင်ခဲ့ခြင်း မရှိချေ။ 

Source Yonhap

#HealthGuide


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်