ဂျက်မား ရှည်ရှည်လျားလျား ပို့စ်တစ်ခု တင်ပြ

 အီးကောမတ်စ် မဟာလုပ်ငန်းကြီး အလီဘာဘာကို ပူးတွဲတည်ထောင်သူ ဂျက်မားသည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း လူ့မြင်ကွင်း နောက်ကွယ်တွင်သာ နေခဲ့ပြီးနောက် အလီဘာဘာ ပြန်လည်ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ဖော်ပြသည့် ဝန်ထမ်းများထံ ရှည်လျားသော ပို့စ်တစ်ခုကို ယခုအခါ ရေးသားလိုက်သည်။

၎င်းပို့စ် တင်ပြီးနောက် Alibaba ၏ ဟောင်ကောင်စာရင်းဝင်ရှယ်ယာများသည် ၅% ဈေးတက်သွားသည်။

အလီဘာဘာ၏ ၂၅ နှစ်တာကုမ္ပဏီသမိုင်းတွင် အကြီးမားဆုံးသော ပြောင်းလဲမှုအဖြစ် လုပ်ငန်း ၆ ခု ခွဲရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာပြီးနောက် တစ်နှစ်အကြာတွင် ကုမ္ပဏီတွင်း ဖိုရမ်တစ်ခုတွင် ၎င်းပို့စ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ တနှစ်တာကာလအတွင်း စီအီးအိုအသစ် ခန့်အပ်ခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ အများအပြား လုပ်ဆောင်ခဲ့သည်။ 

၎င်းတနှစ်တာကာလအတွင်း အီးကောမတ်စ်တွင် PDD Holdings က အလီဘာဘာကို ကျော်တက်ခဲ့သည်။ ByteDance မှ ပိုင်ဆိုင်သည့် TikTok တရုတ်ဗားရှင်းဖြစ်သည့် Douyin ကလည်း ဈေးကွက်ဝေစု ကြီးမားလာခဲ့သည်။


အကြမ်းဖျင်းအားဖြင့် စာမျက်နှာ တမျက်နှာစာ ရှည်လျားသည့် ပို့စ်တွင် အလီဘာဘာတွင် အကြမ်းဖျင်းအားဖြင့်  ၄% ကို ပိုင်ဆိုင်သော မားက စီအီးအို Eddie Wu နှင့် ဥက္ကဋ္ဌ Joe Tsai တို့၏ ဦးဆောင်မှုကို ချီးကျူးထားသည်။

လုပ်ငန်း အပိုင်းခြောက်ပိုင်းခွဲကာ လုပ်ကိုင်ခြင်းသည် ဆုံးဖြတ်ချက်ချရာတွင် ချောမွေ့စေသည်။ Alibaba သည် ပိုမိုသွက်လက်ပြီး ဖောက်သည်များကို ပိုအာရုံစိုက်နိုင်စေကြောင်း ပြောကြားထားသည်။

အလီဘာဘာသည် ယခင်က အမှားများစွာ ပြုလုပ်ခဲ့ဖူးကြောင်းလည်း မားက ပြောကြားသည်။

“မနေ့က ပြဿနာတွေကို အချိန်နဲ့တပြေးညီ ဝန်ခံပြီး ပြင်ရဲတဲ့ သတ္တိရှိရုံသာမက အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ရမယ်"ဟု သူက ဆိုသည်။

"ဒီနှစ်မှာ ကုမ္ပဏီတွင်းရော အပြင်မှာပါ ဖြစ်မှ ဖြစ်ပါ့မလား သံသယ‌ေတွနဲ့ ဖိအားတွေ အများအပြား ကြားထဲမှာ ခိုင်မာပြီး ရဲရင့်တဲ့ အလီဘာဘာအဖွဲ့ မွေးဖွားလာတာကို တွေ့ရပါတယ်"ဟု သူက ဆိုထားသည်။ 


အဆိုပါ ပို့စ်သည် ကုမ္ပဏီ၏ အင်ထရာနက်ပေါ်တွင် ငါးနှစ်အတွင်း မား တင်ခဲ့သည့် ပို့စ်များတွင် အရှည်လျားဆုံးပို့စ် ဖြစ်သည်။

Source Reuters 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်