ကြံရည် ဆေးဘက်ဝင် အာနိသင်များ
ကြံရည်သည် ရေငတ်ခြင်းကို သက်သာစေရုံသာမက ကျန်းမာရေး အကျိုးကျေးဇူး များစွာကိုလည်း ရရှိစေပါသည်။
အိမ်သုံးသကြား၊ ကယ်လ်စီယမ်၊ ခရိုမီယမ်၊ ဇင့်၊ ဗီတာမင်၊ ပိုတိုနျူထရီရင့် phytonutrient ၊ အန်တီအောက်ဆီဒင့် antioxidants၊ ပရိုတင်းနှင့် ပျော်ဝင်နိုင်သော အမျှင်တို ကြံရည်မှာ ပါဝင်သည်။
ကြံရည်သည် ကိုယ်ကာယလှုပ်ရှားမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဖြည့်တင်းပေးကာ စွမ်းအင်ကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါသည်။
ကြံရည်သောက်ခြင်းသည် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်နိုင်သည်။
ကယ်လ်စီယမ် နှင့် ဖော့စဖရပ် ကြွယ်ဝသော ကြံရည်သည် သွားကြွေလွှာကို အားကောင်းစေပြီး သွားပိုးစားခြင်းအပြင် အာပုပ်နံ့ ထွက်ခြင်းကို ကာကွယ်ပေးပါသည်။
ကြံရည်တွင် အန်တီအောက်ဆီဒင့်များ သဘာဝအလျောက် ပါဝင်သဖြင့် ဖရီးရယ်ဒီကယ် Free Radical များကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါသည်။
ကြံရည်သည် အသည်းကိုကာကွယ်နိုင်ပြီး အရေပြားအရောင်ရင့်ခြင်းကို ထိန်းချုပ်နိုင်သည်။
#HealthGuide
Comments
Post a Comment