အာရှဝယ်လက်များအတွက် ဆော်ဒီရေနံစိမ်း ဈေးတက်

ဆော်ဒီအာရေဗျသည် အာရှရှိ သုံးစွဲသူများအတွက် ၎င်း၏ အထင်ကရ Arab Light ရေနံစိမ်းအကြဲအတွက် တရားဝင်ရောင်းဈေး official selling price (OSP) ကို မြှင့်တင်လိုက်သည်။

နိုင်ငံပိုင် Saudi Aramco က လစဉ်လတိုင်း လဆန်း ၅ ရက်နေ့တွင် နောက်လအတွက် OSP များကို ထုတ်ပြန်ပေးရာ၌ သောကြာနေ့ (ဧပြီ ၅) တွင် မေလတွင် သင်္ဘောတင်မည့် ရေနံစိမ်းအမျိုးမျိုးတို့၏ ဈေးနှုန်းများကို အိုမန်/ဒူဘိုင်း ပျမ်းမျှရေနံစိမ်းဈေးနှုန်းနှင့် ကွာခြားချက်ဖြင့် ဖော်ပြပေးသည်။

Arab Light ရေနံစိမ်းအကြဲကို အိုမန်/ဒူဘိုင်း ပျမ်းမျှရေနံစိမ်းဈေးနှုန်းအထက် $2.00 ဟု သတ်မှတ်သဖြင့် ဧပြီလထက် တစ်စည်လျှင် ဆင့် ၃၀ ဈေးတက်သည်။ 

 Arab Heavy ရေနံစိမ်းအပျစ်ကို တစ်စည်လျှင် ဆင့် ၅၀ ဈေးတက်သည်။ 



Source Bloomberg 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်