အိမ်ခြံမြေ တိုင်ကွန်း ထရုန်မိုင်လန်းကို သေဒဏ် ချမှတ်
ဗီယက်နမ်နိုင်ငံ၏ စံချိန်တင် အကြီးမားဆုံး ငွေကြေးလိမ်လည်မှုဖြစ်သည့် ကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ငွေကြေးလိမ်လည်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် အိမ်ခြံမြေ တိုင်ကွန်း ထရုန်မိုင်လန်းကို ဗီယက်နမ်နိုင်ငံ တရားရုံးတစ်ခုက ကြာသပတေးနေ့ (ဧပြီ ၁၁)တွင် သေဒဏ် ချမှတ်ခဲ့သည်။
သူမ၏ ရုံးချိန်းကို မတ်လ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး စီစဉ်ထားသည်ထက် စော၍ ပြီးဆုံးခဲ့သည်။
၎င်းအမှုမှ တရားခံ ၈၄ ဦးကို ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ရာ ခြေချုပ် ၃ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပါဝင်သည်။
လန်း၏ခင်ပွန်းဖြစ်သူ ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင် အဲရစ်ချူးသည် ထောင်ဒဏ် ကိုးနှစ်ကျသည်။
ယခင်တင်ပြချက်
Comments
Post a Comment