ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ Chevron ရှယ်ယာများ PTTEPနှင့် MOGE ရရှိ
အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron သည်အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာခဲ့ပြီးနောက် နှစ်နှစ်ကျော်ကြာပြီးချိန်တွင် မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ (ဧပြီ ၈)တွင် ပြောကြားသည်။
ဓာတ်ငွေ့လုပ်ငန်းတွင် Chevron ၏ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ရောင်းချခြင်း မပြုတော့ဘဲ ထိုင်းနိုင်ငံမှ PTT Exploration and Production PTTEPနှင့် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ဝေငှပါသည်။
သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်သူ PTTEP က ရတနာပုံတွင် ၎င်း၏ ရှယ်ယာ ၆၂.၉၆ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသည့် ရတနာ ကမ်းလွန် ဓာတ်ငွေ့တွင်းသည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံ (ကုဗပေ ၂၁၂ ဘီလီယံ) ခန့် ထွက်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ၃၀ ရာခိုင်နှုန်းမှာ ပြည်တွင်းသုံးအတွက် MOGE သို့ ထောက်ပံ့ပေးလျက်ရှိသည်။
Chevron သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရတနာဓာတ်ငွေ့တွင်းရှိ ၎င်း၏ အစုရှယ်ယာ ၄၁.၁% အပါအဝင် ၎င်း၏ ပိုင်ဆိုင်မှုအဝဝကို ကနေဒါမှ MTI Energy ထံ
ရောင်းချရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ဝယ်ယူသူက နောက်ဆုတ်ခဲ့ပါသည်။
Source Reuters
Comments
Post a Comment