IMF လက်ရှိ အကြီးအကဲ နောက်တကြိမ် သက်တမ်းတိုး

 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF ၏ လက်ရှိ အကြီးအကဲ ခရစ္စတာလီနာ ဂျော့ဂျီဗာသည် ဒုတိယ‌မြောက် ၅နှစ် သက်တမ်းကို တာဝန်ဆက်လက် ထမ်းဆောင်မည်။



အကြီးအကဲ ရာထူးအတွက် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သော Georgieva နှင့် IMF အမှုဆောင်ဘုတ်အဖွဲ့တို့ကြား အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် ဂျော့ဂျီဗာကို  သက်တမ်းတိုးရန် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု IMF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နှင့် ဥရေုပတို့အကြား နားလည်မှုအရ IMF အကြီးအကဲကို ဥရောပနိုင်ငံများမှ ရွေးချယ်ပြီး ကမ္ဘာဘဏ်အကြီးအကဲကို အမေရိကန်နိုင်ငံမှ ရွေးချယ်ပါသည်။


ဂျော်ဂျီဗာသည် IMF အကြီးအကဲ ဖြစ်မလာမီ ကမ္ဘာ့ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဖြစ်ခဲ့သည်။


အသက် ၇၀ နှစ် ရှိသူ ဂျော်ဂျီဗာသည် ဘူဂေးရီးယား စီးပွားရေးပညာရှင်ဖြစ်ပြီး IMF အကြီးအကဲ လက်ရှိသက်တမ်းကို ၂၀၁၉ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့သည်။

Source edge


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်