အချိုရည်ဘူးနမူနာ ၁ သန်းအထိ အာရှတစ်ဝှမ်းတွင် အခမဲ့ဖြန့်ဝေရန် Thai Drinks စီစဉ်ထား
est Cola ၏ စျေးကွက်ရှာဖွေရေး နှင့် အမှတ်တံဆိပ်မန်နေဂျာ Thai Drinks၊ သည် Gen Z များကို ပစ်မှတ်ထား၍ အာရှဒေသတွင်း ဈေးကွက်ချဲ့ထွင်သွားမည် ဖြစ်သည်။
ထိုင်းကာဗွန်နိတ် အချိုရည်ဈေးကွက်သည် ပူပြင်းသော နွေရာသီတွင် အမှတ်တံဆိပ်များမှ ပြင်းထန်သော စျေးကွက်ဝေစု မြှင့်တင်သည့် ကမ်ပိန်းများကြောင့် ၂၅% တိုးလာရန် မျှော်လင့်ထားကြောင်း Thai Drinks ၏ အရက်မဟုတ်သော အဖျော်ယမကာဌာနခွဲမှ အကြီးအကဲ Suporn Denpaisarn က ပြောကြားပါသည်။
Nielsen IQ မှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ စုဆောင်းရရှိထားသော အချက်အလက်များအရ Thai Drinks သည် စျေးကွက်တန်ဖိုး ဘတ် ၆၆ ဘီလီယံ ဖြင့် စျေးကွက်ပျမ်းမျှကြီးထွားနှုန်း ၁၂% ကို ကျော်လွန်ကာ ၁၅% တိုးတက်မှု ရရှိခဲ့သည်။
Ms Suporn က ယခုနှစ်တွင် ကုမ္ပဏီသည် ရောင်းအား၏ ၃၆% ကို ဝယ်ယူသောက်သုံးသည့် Gen Z အမာခံကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေအများဆုံးဒေသဖြစ်သည့် အရှေ့မြောက်ဒေသရှိ ဖျော်ရည် သောက်သုံးသူများအပါအဝင် အခြားအသက်အရွယ်အုပ်စုများကိုပါ ဆက်လက်တိုးချဲ့သွားမည်ဟု ဆိုသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းလူဦးရေသည် ၆၆ သန်းရှိပြီး အရှေ့မြောက်ဒေသတွင် ၂၁.၇ သန်းကျော် နေထိုင်ကြသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အာရှသားမျိုးဆက်သစ်များသည် ဖျော်ဖြေရေး၊ ဂီတ၊ အားကစား၊ ဖက်ရှင်နှင့် အစားအစာနယ်ပယ်များတွင် ပါဝါအပျော့စား soft power ကို တည်ဆောက်ရင်း ကမ္ဘာနှင့်အဝှမ်း အသိအမှတ်ပြုခံရကာ ရေပန်းစားလာခဲ့ကြောင်း သူမက ပြောကြားသည်။
Thai Drinks သည် ထိုင်းနိုင်ငံနှင့် အာရှတွင် est Cola ၏ ဖောက်သည်အမာခံဦးရေကို တိုးချဲ့ကာ Gen Z စျေးကွက်ကို ဖမ်းဆုပ်မည်ဖြစ်သည်။
Thai Drinks သည် အရှေ့တောင်အာရှတွင် est Cola ကို အရောင်း မြှင့်တင်ရန် ရည်မှန်းထားသည်။
Thai Drinks သည် ၂၀၂၄ ခုနှစ် တစ်လျှောက်လုံးတွင် အချိုရည်ဘူးနမူနာ ၁ သန်းအထိ ထိုင်းနိုင်ငံနှင့် အာရှတစ်ဝှမ်းတွင် အခမဲ့ဖြန့်ဝေရန် စီစဉ်ထားသည်။
“ဒေသတွင်း ရောင်းအားကြီးထွားဖို့ အခွင့်အလမ်းက အံ့မခန်းပါပဲ”ဟု Ms Suporn က ပြောသည်။
"ကျွန်မတို့ရဲ့ အမှတ်တံဆိပ် အဖျော်ယမကာများအတွက် ဒေသတွင်း စျေးကွက်ဝေစု ရရှိရန် ကြီးမားတဲ့ အခွင့်အလမ်းကို ကျွန်မတို့ မြင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
"ကမ္ဘောဒီးယားမှာ Oishi Green Tea နဲ့ တွဲပြီး ပြည်တွင်း ဖြန့်ဖြူးသူရှိတာကြောင့် ဇန်နဝါရီလမှာ
ကျွန်မတို့ရဲ့ အမှတ်တံဆိပ်ကို ကမ္ဘောဒီးယားမှာ တိုးချဲ့ခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။
Source bangkokpost
Comments
Post a Comment