အိန္ဒိယမဆလာ ကင်ဆာဖြစ်ပွားနိုင်သဖြင့် ပိတ်ပင်
ကျန်းမာရေး အန္တရာယ်ရှိသော ဓာတ်ပေါင်း ပါဝင်နေခြင်းကြောင့် ဟောင်ကောင်နှင့်စင်ကာပူတွင် တားမြစ်ပိတ်ပင်ခံထားရသည့် အိန္ဒိယမှ အမှတ်တံဆိပ် MDH နှင့် Everest မဆလာနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဟင်းခတ်အမွှေးအကြိုင် ဘုတ်အဖွဲ့ Spices Board က ၎င်း ၂ နိုင်ငံရှိ အာဏာပိုင်များထံမှ အချက်အလက်နှင့် အစီရင်ခံစာများကို စုဆောင်းနေသည်ဟု အိန္ဒိယ မီဒီယာ NDTV က သတင်းဖော်ပြသည်။
၎င်းအမှတ်တံဆိပ်နှစ်ခုမှ ထုတ်လုပ်သော ဟင်းခတ်အမွှေးအကြိုင်အချို့တွင် ပိုးသတ်ဆေး အက်သလင်းအောက်ဆိုဒ် Ethylene oxide C2H4O သည် ခွင့်ပြုထားသောအဆင့်ထက် ကျော်လွန်နေကြောင်း တွေ့ရှိပြီးနောက် တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယတွင်လည်း စားသောက်ကုန်တွင် တားမြစ်ထာ၊သည်။
DNA ကို ပျက်စီးစေနိုင်သောကြောင့် ထိရောက်သော ပိုးသတ်ဆေးတစ်မျိုးဖြစ်သော်လည်း ၎င်းသည် ကင်ဆာဖြစ်စေနိုင်ပါသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်များကို အများဆုံးစားသုံးသူ၊ ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး Spices Board မှ တင်ပို့မှုကို ထိန်းကျောင်းပေးပါသည်။
Source NDTV
#FoodIndustryGuide #HealthGuide
Comments
Post a Comment