ကြုံတောင့်ကြုံခဲ့ တွန်း/ဆွဲရေယာဉ် ၁၁ စီးကို သင်္ဘောတစီးဖြင့် ခရီးရှည် ပို့ဆောင်
နယ်သာလန် အခြေစိုက် Damen Shipyards နှင့် BigLift Shipping တို့သည် ဗီယက်နမ်နှင့် တရုတ်တို့မှ Damen တွန်း/ဆွဲရေယာဉ် ၁၁ စီးကို BigLift Shipping ၏ ဝန်အလေးစား ပို့ဆောင်သည့် သင်္ဘော Happy Star ဖြင့် ဥရောပသို့ ပို့ဆောင်ခဲ့သည်။
ယခုလို တွန်း/ဆွဲရေယာဉ် ၁၁ စီးကို တစုတစည်းတည်း သင်္ဘောတစီးပေါ် တင်ပြီး ခရီးရှည်တခုဖြင့် ပို့ဆောင်သည်မှာ ကြုံတောင့်ကြုံခဲ့ဖြစ်ပါသည်။ အစစအရာရာ စီစဉ်ရသည်မှာ ပုံမှန်အားဖြင့် ၆ လဝန်းကျင် ကြာမြင့်တတ်ပါသည်။
ဝန်အလေးစား ပို့ဆောင်သည့် သင်္ဘော Happy Starသည် အလျား ၁၅၆ မီတာရှိပြီး လေးလံသည့်ဝန် ၁,၁၀၀ မက်ထရစ်တန်အထိ အတင်အချ ပြုပေးနိုင်သည့် ကရိန်း နှစ်ခု ပါသည်။
Happy Star သည် ဗီယက်နမ်မှ ဧပြီ ၄ ရက်တွင် တွန်း/ဆွဲရေယာဉ် ၁၁ စီးဖြင့် ထွက်ခွာခဲ့ရာ ၃၈ ရက်အကြာတွင် စပိန်သို့ ရောက်ရှိပြီး တွန်း/ဆွဲရေယာဉ်တစီး ချသည်။ ထို့နောက် ရော့ဒ်တာဒမ်ဆိပ်ကမ်းသို့ ခရီးဆက်ခဲ့ပြီး ကျန်သည့် ၁၀ စီးကို ချပေးခဲ့ပါသည်။
Source gcaptain
#LogisticsIndustryGuide
Comments
Post a Comment