တရုတ်-လာအို-ထိုင်း-မလေးရှား အမြန်ကုန်တင်ရထား ပထမဆုံး ခရီးစဉ် စတင်ပြေးဆွဲ
တရုတ်-လာအို-ထိုင်း-မလေးရှား အမြန်ကုန်တင်ရထား ပထမဆုံး ခရီးစဉ် မေလ ၁ ရက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမှ ထွက်ခွာခဲ့ပါသည်။
ကုန်တွဲများတွင် ကုန်အပြည့်ပါသည့် ကွန်နိန်နာ အလုဲး ၃၀ တင်ဆောင်ထားပြီး LCD မိုနီတာများနှင့် စွမ်းအင်သစ်သုံး ကားများ ပါဝင်သည်။
အဆိုပါ ရထားသည် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် လာအိုနှင့် ထိုင်းနိုင်ငံရှိ ရထားလမ်းကွန်ရက်များသို့ ကူးပြောင်းမည်။ ထိုမှတဆင့် မလေးရှားနိုင်ငံ ပေါ့ကလန်း ဆိပ်ကမ်းမြို့သို့ ခရီးဆက်မည်။
ထိုင်းနိုင်ငံသို့ ၅ ရက်၊ မလေးရှားသို့ ၈ ရက် ကြာသည်။ ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်သည်ထက် ကြာချိန် ထက်ဝက်ဝန်းကျင် သက်သာသည်။
Source cgtn
#LogisticsGuide
Comments
Post a Comment