ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် ငွေကြေးမူဝါဒနည်းလမ်းများ
ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် ငွေကြေးမူဝါဒနည်းလမ်းများ
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းချုပ် နိုင်ရန် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းအခြေအနေ၊ ငွေကြေးပမာဏအခြေအနေ၊ ဘဏ်များ၏ ချေးငွေနှင့်ဂျီဒီပီအချိုး၊ အိမ်ထောင်စုကြွေးမြီနှင့် ဂျီဒီပီအချိုးစသည့်အခြေအနေများအား စိစစ်သုံးသပ် လျက် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ရည်မှန်းချက်အတိုင်းရရှိနိုင်ရန်အတွက် ငွေကြေးမူဝါဒနည်း လမ်းများအနက်မှ အတိုးနှုန်းမြှင့်တင်ခြင်းနည်းလမ်းထက် ဘဏ်များကမြန်မာကျပ်ငွေဖြင့်ထားရှိရ မည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား မြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်း (Interest on Excess Reserve-IOER) နည်းလမ်းတိုအားဆောင်ရွက်လျက်ရှိပါသည်။
၂။ လက်ရှိတွင် ဘဏ်များ၏အပ်ငွေနှင့်ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့် လည်သုံးစွဲငွေနှင့် စုစုပေါင်းငွေကြေးပမာဏတိုးတက်မှုကိုထိန်းကျောင်းရန်နှင့် ငွေကြေးဖောင်းပွမှု ဖိအားလျှော့ချနိုင်ရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ၃.၅ ရာခိုင်နှုန်းမှ ၃.၇၅ ရာခိုင်နှုန်း သိုတိုးမြှင့်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း (Interest on Excess Reserve-IOER) အား လက်ရှိ ၃.၆ ရာခိုင်နှုန်းမှ ၃.၈ ရာခိုင်နှုန်းသိုမြှင့်တင်ခြင်းတိုကို ၂၀၂၄ ခုနှစ်၊ မေလမှစ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသိုပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း (Interest on Excess Reserve-IOER) အား မြှင့်တင်ပေးခြင်းဖြင့် ဘဏ်များမှ အပ်နှံငွေပေါ်ပေးရသည့်အတိုးစရိတ် အားအထိုက်အလျောက်ပံ့ပိုးပေးနိုင်ပြီး၊ဘဏ်များ၏စီးပွားရေးကဏ္ဍများသို ချေးငွေများပိုမိုထုတ်ချေး နိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် ဘဏ်များအနေဖြင့် ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေစာရင်းတွင် အပ်နှံငွေများပိုမိုထားရှိခြင်းဖြင့် ဈေးကွက်အတွင်းရှိငွေကြေးများအား သွယ်ဝိုက်နုတ်သိမ်းရာရောက်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းဖိအားကို လျော့နည်းစေမည်ဖြစ်ပါသည်။
၃။ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့်မြင့်မားခြင်းမှာ အမေရိကန်နိုင်ငံမှ အတိုးနှုန်း မြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး၊ ဖွံဖြိုးပြီးနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများ ၏ငွေကြေးတန်ဖိုးများကျဆင်းလာရာ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ဖက်နိုင်ငံများ၏ နိုင်ငံခြား ငွေလဲလှယ်နှုန်းဖြင့် သွင်းကုန်တန်ဖိုးတွက်ချက်ခြင်းနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းတိုကြောင့် သွင်းကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေများအား ဈေးကွက်မှ ဝယ်ယူဖြည့်တင်းရခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ စသည်တိုကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ရခြင်း၏ ပြည်တွင်း၊ ပြည်ပ အခြေအနေများအား စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသုံးသပ်လျက် သင့်လျော်သည့်ငွေကြေး မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
Comments
Post a Comment