ဆိုနီက ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို ဝယ်ယူရန် ကမ်းလှမ်း

 နိုင်ငံတကာ နည်းပညာနှင့် မီဒိယာ လုပ်ငန်းစုကြီး Sony Group Corporation ရဲ့ လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး ကိုလံဘီယာ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ Sony Pictures (Sony Pictures Entertainment Inc.)က ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ Apollo Global Management နှင့်အတူပူးပေါင်းပြီး ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို ကန်ဒေါ်လာ ၂၆ ဘီလီယံဖြင့် ဝယ်ယူဖို ကမ်းလှမ်းထားပါတယ်။

အရောင်းအဝယ် ဖြစ်မြောက်ခဲ့ရင် ဆိုနီက ရှယ်ယာအများစု ပိုင်ဆိုင်သူဖြစ်ပြီး ပါရာမောင့်ကို ထိန်းချုပ်ပိုင်ခွင့် ရယူမှာ ဖြစ်ပါတယ်။


အပိုလို ဂလိုဘဲက ပါရာမောင့်ကို ဝယ်ယူဖို ကမ်းလှမ်းခဲ့ဖူးပါတယ်။ ပါရာမောင့် ဒါရိုက်တာ ဘုတ်အဖွဲက အပိုလိုရဲ့ ငွေကြေးအင်အား လုံလောက်အောင် မတောင့်တင်းတာကြောင့် အရောင်းအဝယ် ပွဲပျက်ခဲ့ပါတယ်။


ပါရာမောင့်က “Top Gun: Maverick” နှင့် “Mission: Impossible – Dead Reckoning” ရုပ်ရှင်ကားများ ရိုက်ကူးထုတ်လုပ်ရာတွင် ပါဝင်ကူညီခဲ့တဲ့ Skydance နဲ့ ကုမ္ပဏီ နှစ်ခု ပေါင်းစည်းဖိုကို စဉ်းစားချင့်ချိန်နေချိန်မှာ ဆိုနီက ဝယ်ယူဖို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

Source apnews

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်