ဘိုင်းနန့်စ် ထူထောင်သူ ထောင်ဒဏ် လေးလ ချမှတ်ခံရ

 ခရစ်ပတိုငွေကြေးလဲလှယ်ရေး လုပ်ငန်းကြီး Binance တည်ထောင်သူ Changpeng Zhao သည်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အကာအကွယ်များ လုံလောက်စွာ ချမှတ်‌ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ထောင်ဒဏ် လေးလ ချမှတ်ခံခဲ့ရသည်။  

ဘိုင်းနန့်စ်၏ ပေါ့လျော့မှုများ၊ မျက်ကွယ်ပြုခြင်းများကြောင့် အမေရိကန် ပိတ်တို့အရေးယူထားသည့် အီရန်သည် ဘိုင်းနန့်စ်မှတဆင့် ငွေလွှဲ အနည်းဆုံး ကန်ဒေါ်လာ ၁.၁ သန်းကျော်ကို ဆောင်ရွက်နိုင်ခဲ့သည်။ ကျူးဘား၊ ဆီရီးယား အစရှိသော အမေရိကန် ဆန်ရှင် နိုင်ငံများသည်လည်း ဘိုင်းနန့်စ်မှတဆင့် ငွေလွှဲခဲ့ကြသည်။

တရားသူကြီး ရစ်ချတ်ဂျုံးက ကျောင်းသည် အမေရိကန်ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာခြင်းထက် ဘိုင်းနန့်စ် ကြီးထွားရေးနှင့် အကျိုးအမြတ်များကို ဦးစားပေးခဲ့သည် ဟု ပြောကြားသည်။


ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုလဲလှယ်ရေးလုပ်ငန်းကြီး ဘိုင်းနန့်စ် ၏ စီအီးအိုရာထူးမှ ချင်ပင်ကျောင်း နုတ်ထွက်ခဲ့ရသည်။

ဘိုင်းနန့်စ်ကို ၂၀၁၇ တွင် ထူထောင်ခဲ့သော ကနေဒါနိုင်ငံသား ခံယူထားသော တရုတ်လူမျိုး ကျောင်းသည် နေထိုင်ရာ ယူအေအီးမှ အမေရိကန်တရားရုံးသို့ လာရောက်ပြီး အမှုရင်ဆိုင်ခဲ့ရာ ၂၀၂၃ နိုဝင်ဘာလတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ယူအေအီးသို့ ပြန်ခွင့်မရဘဲ အမေရိကန်တွင် ဆက်လက်နေထိုင်ခဲ့သည်။ 


ကျောင်းသည်  ဒဏ်ငွေကန်ဒေါ်လာ သန်း ၅၀ ပေးဆောင်ရန် သဘောတူထားပြီးဖြစ်သည်။  ထောင်ဒဏ် ၁၈ လ မကျော်ပါက အယူခံမတင်ဘဲ ထောင်ဒဏ်ကျခံရန်လည်း သဘောတူထားသည်။

Source theverge


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်