ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ အဆင့်၃ဆင့် အစီအစဉ်
ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand(CAAT) မှ ဒေသတွင်း လေကြောင်းဗဟိုချက်ဖြစ်လာရန် ၎င်း၏ အဆင့်၃ဆင့်အစီအစဉ်ကို မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆင့်၃ဆင့် အစီအစဉ်အရ CAAT သည် ပထမအဆင့် ကာလတိုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် တစ်နှစ်လျှင် ခရီးစဉ် ၁.၂ သန်း၊ ခရီးသည် သန်း ၁၈၀ ကိုင်တွယ်ပေးနိုင်ရန် ထိုင်းနိုင်ငံရှိ လေဆိပ်များ၏ စွမ်းရည်ကို တိုးမြှင့်ပေးမည်ဖြစ်သည်။ နိုင်ငံတကာ ခရီးစဉ်များ အချိတ်အဆက်အရ လေယာဉ်ပြောင်းစီးရန် အနည်းဆုံး ကြာချိန် minimum connecting time (MCT)ကို ၇၅ မိနစ်ထက် မကျော်ရန် ရည်မှန်းချက် ထားရှိသည်။
ဒုတိယအဆင့် ၂၀၂၆-၂၀၂၈ တွင် တစ်နှစ်လျှင် ခရီးစဉ် ၁.၄ သန်း၊ ခရီးသည် သန်း ၂၁၀ နှင့် MCT မိနစ် ၆၀ မကျော်ရန် ရည်မှန်းချက် ချမှတ်ထားသည်။
တတိယအဆင့် ၂၀၂၉-၂၀၃၇ တွင် တစ်နှစ်လျှင် ခရီးစဉ် ၂.၁ သန်း၊ ခရီးသည် သန်း ၂၇၀ နှင့် MCT ၄၅ မိနစ် မကျော်ရန် ရည်မှန်းထားသည်
ထို့ပြင် ၂၀၃၇ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် တစ်နှစ်တာ လေကြောင်း ကုန်စည်ပို့ဆောင်မှု အများဆုံး ထိပ်ဆုံးငါးနိုင်ငံထဲမှာ ပါဝင်ရန် ရည်မှန်းထားကြောင်း CAAT မှ ပြောကြားပါသည်။
Source straitstimes
#LogisticsIndustryGuide
Comments
Post a Comment