ကွန်တိန်နာတင်သင်္ဘောအသစ် CMA CGM Sao Paolo ပင်လယ်ခရီး စမ်းသပ်ခုတ်မောင်းခြင်း ပြီးစီး

 ပြင်သစ်သင်္ဘောလိုင်း CMA CGM မှ ပိုင်ဆိုင်သော 13,000 TEU အရွယ်အစား၊ သမားရိုးကျလောင်စာနှင့် LNG လောင်စာနှစ်မျိုးသုံးကွန်တိန်နာတင်သင်္ဘောအသစ် CMA CGM Sao Paolo သည် ပင်လယ်ခရီး စမ်းသပ်ခုတ်မောင်းခြင်း ပြီးစီးခဲ့ကြောင်း China State Shipbuilding Corporation (CSSC) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Hudong-Zhonghua Shipbuilding မှ ထုတ်ဖော်ပြောကြားခဲ့သည်။ ပင်လယ်ပြင်ခရီး ခုနစ်ရက်ကြာ စမ်းသပ်ပြီးနောက် သင်္ဘောသည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ရက်နေ့တွင် သင်္ဘောကျင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။


CMA CGM Sao Paolo သည် CMA CGM ၏ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) နှင့် သမားရိုးကျ လောင်စာဆီတို့ဖြင့် ခုတ်မောင်းသည့် ကွန်တိန်နာသင်္ဘောများ ဖြည့်တင်းသည့် ကန်ဒေါ်လာ ၂.၃ ဘီလီယံအထိ သုံးစွဲမည့် အစီအစဉ်အရ မှာကြားထားသော သင်္ဘောဖြစ်ပါသည်။


Hudong-Zhonghua သင်္ဘောကျင်းသည် ၎င်းအစီအစဉ်မှ ကွန်တိန်နာသင်္ဘောများတွင် CMA CGM Bahia ကို ၂၀၂၃ ဒီဇင်ဘာလတွင် CMA CGM ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခင်လတွင် CMA CGM Paraty ကို ပေးအပ်ခဲ့သည်။


အလျား ၃၃၆ မီတာရှိသော CMA CGM Sao Paolo ၏ သင်္ဘောဦးတွင် လေခွင်းနံရံ တပ်ဆင်ထားသည်။ အမြန်ဆုံး အမြန်နှုန်း 21 knots အထိ ခုတ်မောင်းနိုင်သည်။

Source offshore energy 

#LogisticsIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်