NYK တွင် LNG တင် သင်္ဘော ၁၂၀ ကျော်အထိ ရှိလာမည်
ဂျပန်နိုင်ငံမှ သင်္ဘောကုမ္ပဏီကြီး NYK ၏ သဘာဝဓာတ်ငွေ့ရည် (LNG)တင် သင်္ဘော လုပ်ငန်းကဏ္ဍတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်တွင် LNG တင် သင်္ဘော ၈၆ စီးဖြင့် ပြေးဆွဲခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လကုန်တွင် ၉၁ စင်းအထိ တိုးလာသည်။
NYK မှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် တင်ပြသည့် အစီရင်ခံစာအရ အဆိုပါ သင်္ဘော ၈၆ စီးတွင် ၇၈ စီးသည် ကုမ္ပဏီပိုင်နှင့် ပူးတွဲပိုင်ဆိုင်သည့် သင်္ဘောများဖြစ်ပြီး ကျန် ၁၃ စင်းမှာ ချာတာအငှားဖြင့် ရယူပြေးဆွဲသည့် သင်္ဘောများ ဖြစ်သည်။
LNG ပို့ဆောင်ရေးအတွက် ကာလရှည် ကန်ထရိုက်စာချုပ်များဖြင့် လုပ်ကိုင်သဖြင့် တည်ငြိမ်မှု ရရှိကြောင်း၊ ရေရှည်စာချုပ်အသစ်များလည်း ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ သင်္ဘောကျင်းများတွင် တည်ဆောက်ဆဲ LNG တင် သင်္ဘောများအတွက်လည်း ရေရှည်စာချုပ်အသစ်များ ချုပ်ဆိုထားကြောင်း NYK က ပြောကြားသည်။
၂၀၂၇ ဘဏ္ဍာနှစ်တွင် LNG တင် သင်္ဘော အရေအတွက် ၁၂၀ ကျော် ရှိလာသည်အထိအထိ တိုးချဲ့ထားကြောင်း NYK ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
#LogisticsIndustryGuide
Comments
Post a Comment