ဗီယက်နမ်မှ အကြီးဆုံး မြန်နှုန်းမြင့် ခရီးသည်တင်ရေယာဉ် Thang Long ပွဲဦးထွက်ခရီးစဉ်

 မေလ ၁၃ ရက်တွင် ဗီယက်နမ်၏ အကြီးဆုံး မြန်နှုန်းမြင့် ခရီးသည်တင်ရေယာဉ် Thang Long ပွဲဦးထွက်ခရီးစဉ်တွင် ခရီးသည် ၁၅၀ လိုက်ပါသွားခဲ့သည်။


ဟိုချီးမင်းစီးတီး မြို့လယ်မှ ၂၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် Hiep Phuoc ဆိပ်ကမ်းမှ နံနက် ၇ နာရီတွင် ထွက်ခွာပြီး ဗီယက်နမ်ကမ်းလွန် ပင်လယ်အတွင်းရှိ ခရီးသွားကျွန်း Con Dao ရှိ Ben Dam ဆိပ်ကမ်းသို့ နေ့လည် ၁ နာရီတွင် ဆိုက်ရောက်သည်။


Phu Quoc High-Speed Boat Joint Stock Company မှ ပြေးဆွဲခြင်းဖြစ်ပြီး တစ်ပတ်လျှင် ၃ ကြိမ် တစ်ရက်ခြား ခရီးစဉ်များ ပြေးဆွဲသွားမည်။


လက်မှတ်အမျိုးအစားနှင့် ထွက်ခွာချိန်ပေါ်မူတည်၍ ဒေါင် ၆၁၅,၀၀၀ မှ ၁.၁ သန်းအထိ (US$24.16-43.22) ပေးရသည်။

လေယာဉ်လက်မှတ်ခ၏ ထက်ဝက်ဝန်းကျင်သာ ကျသင့်သည်။


အလျား ၇၇ မီတာရှိသည့် Thang Long သည် ခရီးသည် ၁,၀၁၇ ဦးအထိ လိုက်ပါနိုင်သည်။

ပထမထပ်မှ တတိယထပ်အထိ ရိုးရိုးတန်းဖြစ်ပြီး သားရေထိုင်ခုံများ ထားရှိသည်။ အထပ်တိုင်းတွင် တီဗီ၊ အိမ်သာ၊ စောင့်ကြည့်ကင်မရာများ ပါသည်။ 

အပေါ်ဆုံးအထပ်တွင် စားသောက်ခန်းမနှင့် အလုပ်လုပ်ရန် စားပွဲများ ရှိသည်။

Source vnexpress 

#Tr

avelerGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်