TikTok နှင့် UMG စာချုပ်အသစ်ချုပ်ဆို

 TikTok နှင့် ကန်ထရိုက် စာချုပ်သက်တမ်း ကုန်ဆုံးသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် Universal Music Group UMG က ၎င်း၏ အဆိုတော်များ၏ သီချင်းများကို TikTok တွင် အသုံးပြုခွင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ TikTok နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့အတွက် တေလာဆွစ်ဖ် အပါအဝင် အဆိုတော် အများအပြားတို့၏ သီချင်းများကို TikTok မှာ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သည်။


စာချုပ်အသစ်တွင် ထူးခြားချက် တချက်အဖြစ် "TikTok နှင့် UMG တို့သည် ဂီတနယ်ပယ်တစ်ဝှမ်းရှိ AI ဖွံ့ဖြိုးတိုးတက်မှုကြောင့် လူဖန်တီးသည့် အနုပညာနှင့် ၎င်းအနုပညာရှင်များ၊ တေးရေးဆရာများ၏ စီးပွားရေးကို ကာကွယ်ပေးနိုင်စေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။"

ဟု အချက်တချက် ပါရှိသည်။ 

TikTok ပလက်ဖောင်းပေါ်တွင် တရားဝင် မဟုတ်သော AI ဖြင့် ဖန်တီးသည့် သီချင်းများကို ဖယ်ရှားမည် ဖြစ်သည်။ ဥပမာအားဖြင့် သဘောတူ ခွင့်ပြုချက် မရှိဘဲ အဆိုတော်တဦးကို AI ဖြင့် အသံတု၊ ဗီဒီယိုအတု ဖန်တီးပြီး တင်ပြခြင်းမျိုးကို ဖယ်ရှားမည် ဖြစ်သည်။ 


Source theverge

#AdvertisingGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်