“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်သင့် စာသင်ကျောင်းသို့ မဖြစ်မနေလိုအပ်သော သောက်သုံးရေထောက်ပံ့မှုစနစ်ကို ပံ့ပိုးကူညီနိုင်ခဲ့
“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်မှတစ်ဆင့် UN-Habitat နှင့် ပူးပေါင်းပြီး လူမှုအသိုင်းအဝိုင်းအတွက် သန့်ရှင်းသော သောက်သုံးရေ လှူဒါန်းရန် မြန်မာငွေကျပ် (၅၁.၈) သန်းကျော် မတည်နိုင်ခဲ့သည်။ အက်တမ်(ATOM) မှ ငလျင်ဘေးဒဏ် ခံစားခဲ့ရသော မန္တလေးမြို့ရှိ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်ကို တပ်ဆင်ပေးခဲ့သည်။ ဆိုလာစွမ်းအင်စနစ်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို ပါဝင်အားဖြည့် ကူညီနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်သည့် ရတနာစံ သာသနာပိုင်ကျောင်းတိုက်သို့ ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စနစ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ အက်တမ်(ATOM) ၏ “အက်တမ်နှင့်အတူ (၂) ဆလှူ” အစီအစဉ် မှတစ်ဆင့် UN-Habitat ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးကင်းသန့်ရှင်းသော သောက်သုံးရေပြန်လည်ရရှိစေရန် အောင်မြင်စွာကူညီပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍...