MPT က နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ် အစီအစဉ်သစ်ကို မိတ်ဆက်

 မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ် အစီအစဉ်သစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါပက်ကေ့ချ်သည် MPT သုံးစွဲသူများအတွက် ၎င်းတို့၏ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီသည့် ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတို (SMS) နှင့် ဖျော်ဖြေရေး ပက်ကေ့ချ်များကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော အစီအစဉ်သစ် ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်ကာ ဆောင်ရွက်ထားသော အဆိုပါ ပက်ကေ့ချ်များကို အောက်ပါ ဇယားတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

မှတ်ချက်။ ။ Android အတွက် MPT4U App နောက်ဆုံး Version (4.5.9) နှင့် iOS အတွက် (1.4.21) တို့ကို အသုံးပြုရန် လိုအပ်ပါသည်။

*MPT သုံးစွဲသူများသည် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်များကို အကြိမ်များစွာ ဝယ်ယူနိုင်ပြီး ဝန်ဆောင်မှုအားလုံးအတွက် လက်ကျန်ပမာဏ သယ်ဆောင်ခွင့် ကာလမှာ (၇) ရက် ဖြစ်ပါသည်။ ဝယ်ယူထား သည့် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်၏ လက်ကျန်ပမာဏသက်တမ်းကိုလည်း အရှည်ဆုံး သက်တမ်း အထိ ပေါင်းစည်းသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ အမြဲပေးအပ်ဖို့ ကတိပြုထားပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းက သုံးစွဲသူတိုင်း မိမိတို့နှစ်သက်ရာ အသုံးပြုမှုပေါ်မူတည်ပြီး ကိုယ်တိုင်စိတ်ကြိုက် ပက်ကေ့ချ်တွေ ဖန်တီးနိုင်ဖို့အတွက် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်ကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီအစီအစဉ်သစ်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး သုံးစွဲသူတွေအနေနဲ့ မိမိတို့ စိတ်ကြိုက်ရွေးချယ်ဖန်တီးနိုင်တဲ့ အပြင် လိုက်လျောညီထွေမှုရှိတဲ့ “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်ကို ဝယ်အသုံးပြုကြည့်ဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ (၁) ရက်နေ့က နေ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ ကျင်းပြုလုပ်သွားမယ့်“MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်ပွဲတော် ဓာတ်ပုံပြိုင်ပွဲ”ကို လည်း ဝင်ရောက်ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဟု” ပြောကြားခဲ့ပါသည်။

“သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်အကြောင်း အသေးစိတ်သိရှိလိုပါက https://mpt.com.mm/mm/diy-package/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းမရှိသေးသော MPT သုံးစွဲသူများအနေဖြင့် အန်းဒရိုက်ဖုန်းနှင့် iOS ဖုန်းအသုံးပြုသူများ MPT4U အက်ပလီကေးရှင်းကို https://bit.ly/MPT4Ufree (သို့မဟုတ်) *4040# ကို ခေါ်ဆိုပြီး ရယူနိုင်ပါသည်။

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း   

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း (၁၄၀) ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်း၊ ဖိုင်ဘာနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံးသော 3G၊ 4G/ LTE+ နှင့် 5G ကွန်ရက်တို့ကို ပိုင်ဆိုင်ထားပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ နည်းပညာနှင့် ကျွမ်းကျင်မှု အတွေ့အကြုံများကို ပေါင်းစည်းထားသည့် KDDI Summit Global Myanmar Limited (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လွန်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း MPT-KSGM ပူးပေါင်းဆောင်ရွက်မှု သည် သုံးစွဲသူများသို့ အဆင့်မြင့် နည်းပညာများနှင့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပေးအပ်ခဲ့ခြင်းနှင့်အတူ ယခုအခါ လူဦးရေ၏ ၉၆% ကို ကွန်ရက်လွှမ်းခြုံ ထားကာ သုံးစွဲသူ သန်း (၂၀) ကျော်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် ခိုင်မာသော တယ်လီကွန်း အခြေခံ အဆောက်အဦ ကို တည်ထောင်ပေးခဲ့ပါသည်။ MPT သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MPT Club ကဲ့သို့သောအစီအစဉ်နှင့် များစွာသောထပ်ဆောင်းဝန်ဆောင်မှုတို့ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်းတီးပေးနိုင်ခဲ့ပါသည်။

MPT အနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးစေရေးအတွက် ထားရှိသည့်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာပြည်သူ ပြည်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းငယ်ကဏ္ဍများတွင် ကျပ် (၂၆) ဘီလီယံကျော် သုံးစွဲကာ ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGM နှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ 




Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး