TikTok နှင့် Luminate တို့ ပူးပေါင်းပြီး နောက်ဆုံးထွက် Music Report ကို ထုတ်ပြန်

TikTok သည် ယုံကြည်စိတ်ချရသော ဖျော်ဖြေရေးဒေတာနှင့် သုတေသနအရင်းအမြစ်အဖွဲ့အစည်းတစ်ခုဖြစ်သော Luminate နှင့် ပူးပေါင်းပြီး ဒုတိယမြောက် Music Impact Report ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ Music Impact Report 2024 သည် ဂီတဂေဟစနစ်အပေါ် TikTok App ၏ အကျိုးသက်ရောက်မှု၊ TikTok နှင့် အသုံးပြုသူများ၏ ထူးခြားသော အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာထားသည့် အစီရင်ခံစာဖြစ်ပါသည်။ အစီရင်ခံစာတွင် Luminate မက်ထရစ်များ၊ TikTok မက်ထရစ်များနှင့် Billboard Global 200 Chart အပါအဝင် အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာဒေတာများကို လေ့လာဆန်းစစ်ထားပါသည်။ Music Impact Report 2024 တွင် တေးဂီတရှာဖွေတွေ့ရှိမှု၊ ပလပ်ဖောင်းပြင်ပ ဂီတတန်ဖိုးသက်ရောက်မှု၊ Music Stream များ၊ Super Fan များနှင့် ဂီတအောင်မြင်မှုအပါအဝင် နယ်ပယ်အများအပြားရှိ အနုပညာရှင်များနှင့် ဂီတလုပ်ငန်းအပေါ် TikTok နှင့် ၎င်း၏ အသုံးပြုသူများမှ အားဖြည့်ကူညီမှုတို့နှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားပါသည်။ 'TikTok သည် တေးဂီတရှာဖွေတွေ့ရှိမှု၊ Monetization နှင့် ဇယားအောင်မြင်မှု၏ အဓိကမောင်းနှင်အားဖြစ်ပါသည်' ဟု အစီရင်ခံစာတွင် ကောက်ချက်ချထားပါသည်။ ...