ပဲပုပ်ပဲဆီကြမ်းထက် ဈေးမသက်သာတော့သည့် စားအုန်းဆီကြမ်း
စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် အင်ဒိုနီးရှားတွင် စားအုန်းဆီ ထုတ်လုပ်မှု တိုးမလာသည့်အပြင် ဇီဝဒီဇယ်အတွက် စားအုန်းဆီကို ပိုမိုသုံးစွဲလာသဖြင့် အစဉ်အလာအားဖြင့် အခြားဟင်းချက်ဆီ အမျိုးမျိုးတို့ထက် ဈေးသက်သာခဲ့ရာမှ ယခုအခါ စားအုန်းဆီက ဈေးပိုမြင့်နေသည်။ နေကြာဆီ၊ ပဲပုပ်ပဲဆီအပါအဝင် အခြားဟင်းချက်ဆီများ ဈေးမတက်အောင် စားအုန်းဆီက ထိန်းပေးထားသည့် အားသာချက်လည်း ဆုံးရှုံးသွားပြီ ဖြစ်သည်။
ဟင်းချက်ဆီအပြင် ကိတ်မုန့်၊ အကြော်ဆီ၊ အလှကုန် ဆပ်ပြာ စသဖြင့် အမျိုးအမည် အများအပြားတွင် သုံးစွဲကြသည့် စားအုန်းဆီသည် ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ပြည်ပတင်ပို့မှု၏ ထက်ဝက်ကျော်ကို နေရာယူထားသည်။ အထူးသဖြင့် ထွန်းသစ်စဈေးကွက်များတွင် စားသုံးသူများအကြား အသုံးများသည်။ စားအုန်းဆီ တင်သွင်းမှု အများဆုံး နိုင်ငံ အိန္ဒိယတွင် စားသုံးသူများအကြား အသုံးများသည်။
နှစ်ပေါင်းအတော်ကြာ စားအုန်းဆီသည် အခြားဟင်းချက်ဆီများထက် တတန်လျှင် ကန်ဒေါ်လာ ၄၀၀ ဝန်းကျင် ဈေးသက်သာ နေခဲ့သည်။ ထုတ်လုပ်မှု တိုးလာခဲ့ပြီး ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်ခဲ့ကြသည်။
အင်ဒိုနီးရှားသည် ဇီဝဒီဇယ်တွင် စားအုန်းဆီ အခြေပြု လောင်စာဆီ မဖြစ်မနေ ရောစပ်မှုကို ယခုနှစ်တွင် ၄၀% သို့ တိုးမြှင့်သည်။ နောက်နှစ် ၂၀၂၆ ခုနှစ်တွင် ၅၀% သို့တိုးမည်။ ထို့ပြင် လေယာဉ်ဆီတွင် ၃% ရောစပ်မည်။
ထိုသို့ သုံးစွဲသဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီ တင်ပို့မှုသည် ၂၀၂၄ တွင် တန်ချိန် ၂၉.၅ သန်းသို့ လျော့ကျခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် သန်း ၂၀ မျှသာ တင်ပို့နိုင်လိမ့်မည်၊
အင်ဒိုနီးရှားတွင် စားအုန်းဆီကို ဇီဝဒီဇယ်အတွက် တိုးမြှင့် သုံးစွဲနေစဉ် စားအုန်းဆီ ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်သည့် မလေးရှားတွင် ရေကြီးသဖြင့် ထုတ်လုပ်မှု လျော့ကျသည်။ သို့ဖြစ်ရာ စားအုန်းဆီသည် ပဲပုပ်ပဲဆီထက် ဈေးမြင့်နေဆဲဖြစ်ပြီး စားအုန်းဆီကြမ်း အများဆုံး တင်သွင်းသည့် အိန္ဒိယမှ ဝယ်လက်များက စားအုန်းဆီကြမ်း အဝယ်လျှော့ချထားကြရသည်။
ဟင်းသီးဟင်းရွက်ဆီ အများဆုံးဝယ်ယူ တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် စားအုန်းဆီကြမ်းကို တင်သွင်းရာ၌ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် စားအုန်းဆီကြမ်းသည် ပဲပုပ်ပဲဆီထက် တတန်လျှင် $400 ကျော် ဈေးသက်သာခဲ့သည်။ ပြီးခဲ့သည့် ၆ လတာအတွင်း ပဲပုပ်ဆီထက် စားအုန်းဆီက ဈေးပိုမြင့်နေသည်။ တစ်ခါတစ်ရံတွင် တစ်တန်လျှင် $100 ကျော်အထိ ဈေးပိုမြင့်သည်။
၂၀၁၉ တွင် စားအုန်းဆီကြမ်း ဈေးနှုန်း တတန်လျှင် $500 အောက်မှာသာ ရှိခဲ့သည်။ယခုအခါ $1,185 ဖြင့် ဝယ်ယူတင်သွင်းရသည်။
ဈေးတက်လာခဲ့ရသည်မှာ လိုအပ်ချက်ကို ထုတ်လုပ်မှုက အမီ မလိုက်နိုင်သောကြောင့် ဖြစ်သည်။
အင်ဒိုနီးရှားနှင့် မလေးရှားတို့က လွှမ်းမိုးထားသည့် စားအုန်းဆီထုတ်လုပ်မှုသည် ၁၉၈၀ မှ ၂၀၂၀ ခုနှစ်အတွင်း ဆယ်စုနှစ်တိုင်း နှစ်ဆနီးပါး တိုးလာခဲ့စဉ် ဆီအုန်းစိုက်ခင်းများကြောင့် တောပြုန်းသည်ဟု ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက်လာခဲ့သည်။
ထိုစဉ်ကာလတွင် နှစ်စဉ် အထွက်တိုးနှုန်း ၇% ကျော် ရှိခဲ့ပြီး လိုအပ်ချက် နှစ်စဉ်တိုးနှုန်းကို ထုတ်လုပ်မှုက အလျင်မီနေခဲ့သည်။
အင်ဒိုနီးရှားတွင် တောပြုန်းမည့်အရေးကြောင့် စိုက်ခင်းအသစ် တိုးချဲ့မှု ရပ်သွားသည်။ ၂၀၁၈ ခုနှစ်မှစ၍ စိုက်ခင်းအသစ် တိုးချဲ့ရန် ခွင့်မပြုတော့ချေ။
စုစုပေါင်း ထုတ်လုပ်မှုတွင် တနိုင်တပိုင် စိုက်ခင်းများဖြင့် ထုတ်လုပ်သူများက ၇၀% ဝန်းကျင် ပါဝင်သည်။ ၎င်းတို့သည် အထွက်နှုန်း လျော့ကျလာနေသည့် အပင်အိုများကို အပင်ပျိုများဖြင့် အစားထိုးနိုင်ခြင်း မရှိသဖြင့် အထွက်နှုန်း ဆက်လက်လျော့ကျလာခဲ့သည်။
မလေးရှားသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်မှစ၍ စိုက်ခင်း တိုးချဲ့ရန် မြေနေရာ မရှိတော့သဖြင့် စိုက်ခင်းအသစ်များ ထပ်တိုး စိုက်ပျိုးခြင်း မရှိသဖြင့် ထုတ်ဘုပ်မှု ထပ်မတိုးနိုင်တော့ချေ။
ရလဒ်အနေဖြင့် လွန်ခဲ့သည့် လေးနှစ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု ကြီးထွားနှုန်းသည် နှစ်စဉ် ၁ ရာခိုင်နှုန်းသို့ နှေးကွေးသွားခဲ့သည်။
လတ်တလောနှစ်များအတွင်း ထုတ်လုပ်မှုသည် နှစ်စဉ် ပျမ်းမျှ တန်ချိန် ၁.၃ သန်းသာ ကြီးထွားနိုင်လိမ့်မည်။ ၂၀၂၀ မတိုင်ခင်က နှစ်စဉ် ပျမ်းမျှ တန် ၂.၉ သန်း ကြီးထွားခဲ့သည်။
ဆီအုန်း ထုတ်လုပ်မှုကဏ္ဍတွင် လုပ်သား မလုံလောက်ခြင်း၊ အပင်များ အိုလာပြီး သီးနှုန်း လျော့ကျလာနေခြင်း၊ အထွက်နည်းစေသည့် Ganoderma မှိုရောဂါတို့ကို ရင်ဆိုင်နေရသည်။
ဆီအုန်း အပင်များသည် သက်တမ်း နှစ် ၂၀ ကျော်လျှင် အသီးအခိုင် လျော့နည်းသည်။ ၂၅ နှစ်ကျော်လျှင် အပင်ပျိုဖြင့် အစားထိုးရန် လိုအပ်သည်။
အပင်ပျိုသည် သက်တမ်း သုံးလေးနှစ် ရှိမှ အသီးစသီးသည်။ ၎င်းသုံးလေးနှစ်အတွင်း စိုက်ခင်းမြေနေရာအပါအဝင် စိုက်ထုတ်ထားရသည့် ကုန်ကျစရိတ်များအတွက် ဝင်ငွေ မရရှိချေ။ သို့ဖြစ်ရာ တနိုင်တပိုင် စိုက်ခင်းရှင်များ မတတ်နိုင်ကြသဖြင့် အပင်အိုကို အပင်ပျိုဖြင့် အစားထိုးရန် ဝန်လေးကြသည်။
မလေးရှားနိုင်ငံသည် ဧက ၁၁၄,၀၀၀ (ဧက ၂၈၂,၀၀၀) ပြန်လည် စိုက်ပျိုးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂ ရာခိုင်နှုန်းသာ ရှိသည်။ ရည်မှန်းထားသည်မှာ လေးငါးရာခိုင်နှုန်း ဖြစ်သည်။
အင်ဒိုနီးရှားတွင် အပင်အိုများကို အပင်အိုများဖြင့် အစားထိုးခြင်း နှေးကွေးသဖြင့်အပင်များ အသက်ကြီးလာသည်နှင့်အမျှ အထွက်နှုန်း နည်းပါးလာသည်။ ၁၀ နှစ်တာအတွင်း စားအုန်းဆီကြမ်း အထွက်နှုန်းများ ၁၁.၄% လျော့ကျခဲ့ပြီး တစ်ဟက်တာလျှင် ၃.၄၂ တန်သာ ထွက်တော့သည်။
Source Reuters
#FoodIndustryGuide

Comments
Post a Comment