MPT က လူငယ်များအတွက် အကျိုးရှိစေမည့် အဆင့်မြှင့်တင်ထားသော MPT ၏ CSR E-Learning အစီအစဉ် အသွင်သစ်နှင့်အတူ မိတ်ဖက်အဖွဲ့အစည်း အသစ် (၃)ခုကို မိတ်ဆက်

အသက်မွေးဝမ်းကျောင်းအတတ်ပညာ၊ သတင်းအချက်အလက်နည်းပညာ၊ ဘာသာစကား နှင့် စီးပွားရေးဆိုင်ရာ သင်တန်းများမှ အခမဲ့ အွန်လိုင်းသင်ခန်းစာများကို MPT မိုဘိုင်းဒေတာအားအသုံးပြုပြီး အခမဲ့ဒေတာဖြင့် လေ့လာနိုင်ပါသည်။



 MPT သည် နိုင်ငံတစ်ဝန်းရှိ ပညာရေးနှင့် ပတ်သက်ပြီး အခွင့်အရေးနည်းပါးသော လူငယ်များအတွက် ဆောင်ရွက်ထားသည့် အခမဲ့အွန်လိုင်းပညာရေးတစ်ခုဖြစ်သည့် CSR အီလက်ထရွန်းနစ်နည်းပညာသုံး ပညာရေးပလက်ဖောင်းအစီအစဉ် (MPT ၏ CSR E-Learning အစီအစဉ်) ကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်သည် MPT ၏ နိုင်ငံတစ်ဝန်းရှိ တယ်လီကွန်းဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာ၊ သတင်းအချက်အလက် နည်းပညာ၊ ဘာသာစကားများ၊ အလှအပရေးရာ၊ စီးပွားရေးနှင့် ခေါင်းဆောင်မှု စသည့် သင်တန်းအမျိုးအစား(၆) ခု ပါဝင်သည့် သင်ခန်းစာပေါင်း (၁၀၀) ကျော်ကို လေ့လာနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။


ကိုယ်တိုင်မိတ်ကပ် လိမ်းခြယ်နည်းနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်း တရုတ်ဘာသာစကား သင်တန်း ခေါင်းဆောင်မှုစီမံခန့်ခွဲမှုနှင့် စီးပွားရေး သင်တန်း

MPT သည် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများပေးအပ်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းအသစ် (၃) ခုကို မိတ်ဆက်လိုက်ပါသည်။ MPT ၏ CSR E- Learning အစီအစဉ်တွင် ထပ်မံတိုးချဲ့ပေးအပ်ထားသည့် သင်ခန်းစာများမှာ_

• အလှအပရေးရာအတွက် Katy (KT)– KANEBO Global မှ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်နည်း၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်းနှင့် အသားအရေ ထိန်းသိမ်းမှုနည်းလမ်းများပါဝင်သည့် သင်ခန်းစာ (၁၀) ခုကို ပေးအပ်ထားပါသည်။  

• ဒေါ်သန်းသန်းနိုင် (တရုတ် ဘာသာစကား ဆရာမ)- တရုတ်စာသင်ကြားမှုအတွေ့အကြုံ (၁၇) နှစ်‌ကျော် ရှိပြီး တရုတ်ဘာသာစကား အခြေခံသင်ခန်းစာ (၂၅) ခုကို ပေးအပ်ထားပါသည်။ 

• ပုရပိုက် မီဒီယာ လီမိတက်- ပညာရေးနည်းပညာဝန်ဆောင်မှုပေးသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး “ဒေတာခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ” သင်ခန်းစာနှင့် ကြီးကြပ်ရေးကျွမ်းကျင်မှုများအတွက် အခြေခံ သင်ခန်းစာများကို ပေးအပ်ထားပါသည်။ 


မိတ်ဖက်အဖွဲ့အစည်း အသစ် (၃) ခု ထပ်မံတိုးချဲ့ခြင်းနှင့်အတူ MPT သည် ယခုအခါတွင် ပညာရေးဝန်ဆောင်မှု ပေးသည့် မိတ်ဖက်အဖွဲ့အစည်း (၇) ခုဖြင့် ပူးပေါင်းဆောင်ရွက်ထားပြီး အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူမှု အတွက် သင်ခန်းစာအမျိုးအစားများစွာကို ပိုမိုလေ့လာနိုင်စေရန် MPT ၏ CSR E-Learning ပလက်ဖောင်းကို အဆင့်မြှင့်တင်ထားပါသည်။ 

MPT ၏ အီလက်ထရွန်းနစ်နည်းပညာသုံး ပညာရေးပလက်ဖောင်း၏ အကျိုးကျေးဇူးများ 

• ၁၀၀% အခမဲ့ဝင်ရောက်ခွင့် – အခမဲ့ သင်တန်းကြေးနှင့် အခမဲ့ MPT မိုဘိုင်းဒေတာဖြင့် အသုံးပြုနိုင်ခြင်း။

• အဆင်ပြေလွယ်ကူစွာ သင်ယူနိုင်ခွင့် - သင်ခန်းစာများကို မိမိတို့ အဆင်ပြေသည့် နည်းလမ်းဖြင့် လေ့လာနိုင်ပါသည်။

• သင်တန်းအမျိုးအစားများရွေးချယ် တက်ရောက်နိုင်ခြင်း - မတူညီသော စိတ်ဝင်စားမှုများနှင့် အသက်မွေးဝမ်းကျောင်းရည်မှန်းချက်များနှင့် ကိုက်ညီရန် သင်တန်းအမျိုးအစား (၆) ခုရှိ သင်ခန်းစာ (၁၀၀) ကျော်ကို ပေးအပ်ထားပါသည်။ 


MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “ပထမဦးဆုံးအနေနဲ့ MPT ရဲ့ CSR E-Learning အစီအစဉ်ကတစ်ဆင့် လူငယ်တွေအတွက် အခမဲ့ သင်ခန်းစာတွေ ပေးအပ်မှုမှာ ပူးပေါင်းပါဝင်ပေးကြတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးအထူးတင် ရှိကြောင်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုထပ်မံ ပူးပေါင်းလိုက်တဲ့ မိတ်ဖက်အဖွဲ့အစည်းအသစ် (၃) ခုနဲ့အတူ အဆင့်မြှင့်တင်ထားတဲ့ ဒီပညာရေးပလက်ဖောင်းက လူငယ်တွေအတွက် လေ့လာသင်ယူမှုကို ပိုမိုအကျိုးကျေးဇူးရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ လက်ရှိ လေ့လာနေတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာရှိတဲ့ လေ့လာလိုသူ လူငယ်တွေအနေနဲ့ မိမိတို့အတွက် ယုံကြည်စိတ်ချရတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 











စာရင်းသွင်း လျှောက်ထားခြင်းနှင့် ပေးအပ်ထားသည့် သင်ခန်းစာများအပါအဝင် MPT CSR E-Learning အစီအစဉ် အကြောင်း သိရှိလိုပါက ဖော်ပြထားလင့်ခ် https://csrelearning.mpt.com.mm/userguide/faq.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် corporatecomm@mptmmf.com သို့လည်း အီးမေးလ်ပေးပို့နိုင်ပါသည်။ ထို့အပြင် ဖုန်းနံပါတ် 098630050 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး