MPT က သုံးစွဲသူများ အဆင်ပြေစေရန်အတွက် ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ ဆောင်ရွက်
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ငွေပေးချေမှု နည်းလမ်းအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် Postpaid သုံးစွဲသူများ (B2C) နှင့် FTTH သုံးစွဲသူများအတွက် Wave Pay၊ Myanmar Apex Bank (MAB iBanking)နှင့် Yoma Bank (mBanking) များအပြင် (B2B) သုံးစွဲသူများအားလုံးအတွက်လည်း Myanmar Apex Bank (MAB iBanking) နှင့် Yoma Bank (mBanking) များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ နည်းလမ်းအသစ်များ အသုံးပြုပြီး လွယ်ကူချောမွေ့စွာ ငွေပေးချေနိုင်ပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ MPT သုံးစွဲသူများသည် လက်ရှိ ငွေပေးချေမှုနည်းလမ်းများအပြင် အောက်ဖော်ပြပါ ငွေပေးချေမှု နည်းလမ်းသစ်များစွာကိုလည်း ရွေးချယ်နိုင်ပါသည်။ Wave Pay : https://bit.ly/MPT-WavePayUserManual MAB (iBanking) : https://bit.ly/MPT-MABmBankingUserManual Yoma (mBanking) : https://bit.ly/MPT-OMANextmBankingUserManual လက်ရှိ ငွေပေးချေမှု နည်းလမ်းများ : https://mpt.com.mm/en/payment-channel...