MPT က သုံးစွဲသူများ အဆင်ပြေစေရန်အတွက် ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ ဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ငွေပေးချေမှု နည်းလမ်းအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် Postpaid သုံးစွဲသူများ (B2C) နှင့် FTTH သုံးစွဲသူများအတွက် Wave Pay၊ Myanmar Apex Bank (MAB iBanking)နှင့် Yoma Bank (mBanking) များအပြင် (B2B) သုံးစွဲသူများအားလုံးအတွက်လည်း Myanmar Apex Bank (MAB iBanking) နှင့် Yoma Bank (mBanking) များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ နည်းလမ်းအသစ်များ အသုံးပြုပြီး လွယ်ကူချောမွေ့စွာ ငွေပေးချေနိုင်ပြီ ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ MPT သုံးစွဲသူများသည် လက်ရှိ ငွေပေးချေမှုနည်းလမ်းများအပြင် အောက်ဖော်ပြပါ ငွေပေးချေမှု နည်းလမ်းသစ်များစွာကိုလည်း ရွေးချယ်နိုင်ပါသည်။

Wave Pay : https://bit.ly/MPT-WavePayUserManual

MAB (iBanking) : https://bit.ly/MPT-MABmBankingUserManual

Yoma (mBanking) : https://bit.ly/MPT-OMANextmBankingUserManual

လက်ရှိ ငွေပေးချေမှု နည်းလမ်းများ : https://mpt.com.mm/en/payment-channels/ 

ထို့အပြင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် https://einvoice.mpt.com.mm/#/Einvoice တွင် E-invoice အကောင့် စာရင်းသွင်းပြီး မိမိ၏ email နှင့် SMS များ မှတစ်ဆင့် ငွေတောင်းခံလွှာများကို လွယ်ကူစွာ လက်ခံနိုင်မည် ဖြစ်ပါသောကြောင့် E-invoice စာရင်းပေးသွင်းကြပါရန်လည်း လေးစားစွာတိုက်တွန်း နှိုးဆော်အပ်ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့အနေနဲ့ အခု ထပ်မံ အသစ်မိတ်ဆက်လိုက်တဲ့ Wave Pay၊ MAB Bank (iBanking)၊ Yoma Bank (mBanking) တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ငွေပေးချေမှုနည်းလမ်းတွေ တိုးချဲ့ဆောင်ရွက်ခြင်းဟာဆိုရင် သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေပေးအပ်ဖို့နဲ့ သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ ရည်ရွယ်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပိုမိုအဆင်ပြေတဲ့ ရွေးချယ်မှုတွေ ပေးအပ်နိုင်ဖို့အတွက် နောက်ထပ်မိတ်ဖက်အဖွဲ့အစည်းသစ်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့ပါသည်။

ထို့အပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် နောက်ဆုံး ၆ လအတွက် ငွေတောင်းခံလွှာနှင့် ငွေပေးချေမှု အချက်အလက်များကို စစ်ဆေးနိုင်ပြီး MPT4U အက်ပလီကေးရှင်းကို Android အသုံးပြုသူများအတွက် https://bit.ly/MPT4UDownLoad နှင့် iOS အသုံးပြုသူများအတွက် https://apple.co/2Q5Cgei တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPTအကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။




.

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး