MPT က နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် (၁၁) နှစ်ပြည့် ကျေးဇူးတုံ့ပြန်မှု “MPT BOGO” အထူးအစီအစဉ်သစ်ကို မိတ်ဆက်

 မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ အစဉ်တစိုက် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများကို ရရှိစေနိုင်ရန်အတွက် (၁၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “MPT BOGO” အထူးပရိုမိုးရှင်းအစီအစဉ်သစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၈) ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး MPT ၏ စီမံခန့်ခွဲမှုအရာရှိကြီးများနှင့် စာနယ်ဇင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း MPT သည် မြို့ပြနှင့် ကျေးလက်ဒေသ (၂) ခုလုံးမှ လူမှုအသိုက်အဝန်း အတွက် ယုံကြည်စိတ်ချရပြီး သုံးစွဲရလွယ်ကူသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးစွမ်းလျက်ရှိကာ မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ကွန်ရက်ကိုတည်ထောင်ထားပါသည်။ အဆိုပါအောင်မြင်မှုသည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ခိုင်မာသောယုံကြည်မှုနှင့် အစဉ်တစိုက်သုံးစွဲမှုကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း MPT က အလေးထား ထုတ်ပြန်လိုက်ပါသည်။

“MPT BOGO” အထူးပရိုမိုးရှင်းအစီအစဉ်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်မှစ၍ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား အပတ်စဉ် မတူညီသော တစ်ခုဝယ်၊ တစ်ခုအပိုပါ (Buy One Get extra One) ရရှိနိုင်သည့် ခံစားခွင့်များကို ပေးအပ်ထားခြင်း ဖြစ်ပါသည်။ MPT GSM/WCDMA prepaid သုံးစွဲသူများအားလုံးအနေဖြင့် ယခု ပရိုမိုးရှင်းကို ရယူနိုင်မည်ဖြစ်ကာ မိမိရရှိနိုင်မည့် “MPT BOGO” ကမ်းလှမ်းမှု ကို *555# သို့ခေါ်ဆို၍ (သို့မဟုတ်) MPT4U အက်ပလီကေးရှင်း၏ 'Special Offer' မှတစ်ဆင့် ရယူနိုင်မည်ဖြစ်ပါသည်။ "MPT BOGO" ကို စာရင်းသွင်းရယူ ပြီးနောက် သုံးစွဲသူများသည် တစ်ဦးချင်းအလိုက်အသုံးပြုနိုင်မည့် သုံးသလောက်ပေး (Pay As You Go) နှုန်းထားဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့်၊ SMS စာတိုပေးပို့ခွင့် ၊ ဒေတာ အပါအဝင် အထူးခံစားခွင့်များကို ချက်ချင်းရရှိ နိုင်မည် ဖြစ်ပါသည်။ ပရိုမိုးရှင်း အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အသေးစိတ်အချက်အလက် ကို https://mpt.com.mm/mm/bogo-offer/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအတွက် (၁၁) နှစ်ပြည့် ကျေးဇူးတုံ့ပြန်မှု “MPT BOGO” အထူးအစီအစဉ်ဟာ ကျွန်တော်တို့လျှောက်လှမ်းခဲ့တဲ့ (၁၁)နှစ် တာကာလ ခရီးလမ်းရဲ့အမှတ်တရဖြစ်ရုံသာမက သုံးစွဲသူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တုံ့ပြန်မှု တစ်ခုလည်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

 "ဒီ MPT BOGO ပရိုမိုးရှင်းအစီအစဉ်သစ်က သန်းပေါင်းများစွာသော သုံးစွဲသူတွေအနေနဲ့ MPT ကို ဆက်သွယ်ဆောင်ရွက်မှုမှာ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်အဖြစ် ရွေးချယ်မှုအပေါ် ရိုးရှင်းပြီး အဓိပ္ပါယ်ရှိရှိ ကျေးဇူးတုံ့ပြန်မှုတစ်ခုအဖြစ် ရည်ရွယ်ပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ တစ်ဝန်းက သုံးစွဲသူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရရှိစေဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။

ယခုအခမ်းအနားတွင် ပရိုမိုးရှင်းအစီအစဉ်သစ်အပြင် မကြာသေးမီက ပြီးဆုံးခဲ့သော “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲ အစီအစဉ်မှ စုစုပေါင်း ငွေသားကျပ်သိန်း (၁,၅၀၀) တန်ဖိုးရှိသည့် ငွေသားဆုများ ကံထူးခဲ့ကြသော ကံထူးရှင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့ပါသည်။ အထူးဆု ငွေသားကျပ်သိန်း (၁,၀၀၀) ဆုရှင် ဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဦးမောင်မောင်ထွေးနှင့် ငွေသားကျပ်သိန်း(၁၀၀)ဆုရှင် နှစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှ ဦးဖြိုးဝေလင်းနှင့် ဦးကျော်အောင်မင်းတို့က ၎င်းတို့၏ ကံထူးဆုငွေများကို အသီးသီးလက်ခံရယူခဲ့ကြပါသည်။

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ “MPT BOGO” ပရိုမိုးရှင်းအစီအစဉ် အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။





Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး